မောင်ရမ္မာ
ရိုဟင်ဂျာသည် မြန်မာ တိုင်းရင်းသား မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖေါ်ပွဲတရပ်ကို ဇွန်လ ၁ ရက်နေ့က မြန်မာ နိုင်ငံသားများ စု စည်း ပြီး ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ဗြိတိသျှ ၀န်ကြီးချုပ် နေအိမ် တည်ရှိရာ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှေ့တွင် ပြုလုပ် ခဲ့ကြ သည်။
“ လန်ဒန်မှာရှိတဲ့ ဗြိတိသျှ ၀န်ကြီးချုပ်ရဲ့ အိမ်ရှေ့မှာ အားလုံးစုပြီးတော့ တညီတညွတ်တည်းနဲ့ ရိုဟင် ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရိုဟင် ဂျာတွေဟာ သမိုင်းတွေကို လိမ်ပြီးတော့ သူတို့တွေဟာ ဗမာနိုင်ငံမှာ မူလ တိုင်းရင်းသားလူမျိုးစု ဖြစ်ပါတယ် ဆိုပီး အရေးဆိုနေ တဲ့ ကိစ္စ ကို သူတို့တွေဟာ လိမ်နေတာ ဖြစ်ပါတယ်။ မြန်မာ တိုင်းရင်းသား လူမျိုးစု အမှန်အကန် မ ဟုတ်ပါဘူး ဆိုတာကို မြန်မာ တိုင်းရင်း သားတွေ အ ကုန်လုံးက တညီတညွတ်တည်းနဲ့ လာရောက်ပြီးတော့ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ တကွ MP တွေ၊ ကမ္ဘာတ၀ှမ်းက လူတွေ သိရှိအောင်လို့ ဆန္ဒ ဖေါ်ထုတ် ခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ပြောခွင့်ရ အမျိုးသမီး ဒေါ်မေသက်မွန်က ပြောသည်။
လက်ရှိ အချိန်တွင် နိုင်ငံခြားသား တချို့သည် ရိုဟင်ဂျာများဘက်မှ ထောက်ခံပေးနေခြင်း အပေါ် အခြေအနေမှန်ကို သိစေလို၍လည်း ယခုလို ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်သည်ဟုလည်း သူမက ဆက်ပြော သည်။
“ လက်ရှိ အချိန်မှာ တချို့သော အင်္ဂလိပ်လူမျိုးတွေဟာ ရိုဟင်ဂျာကိစ္စနဲ့ ပါဝင် ပတ်သက်နေတယ်။ သူတို့တွေ ဟာ ရိုဟင်ဂျာပြောတဲ့ စကား တွေ ကို ယုံကြည်ပြီးတော့ ရိုဟင်ဂျာတွေကို ထောက်ခံပြီး အများကြီးလုပ်ဆောင်နေ ပါတယ်။ ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိသျှ ၀န်ကြီး ချုပ်အပါအ၀င် ဗြိတိသျှ အမတ်တွေနဲ့ တကမ္ဘာလုံးက လူတွေ သိရှိလာအောင် ကျွန်မတို့ ခုလို လုပ်ရတာ ဖြစ်ပါတယ်။”
၎င်းပြင် တချို့ အင်္ဂလိပ် တချို့သည် ရိုဟင်ဂျာ ကိစ္စကို ဗြိတိသျှ ပါလီမာန်ထိ ယူဆောင်လာကာ ဒေါ်အောင်ဆန်း စုကြည်အား ဖိအားပေးပြိး ရိုဟင်ဂျာကို တိုင်းရင်း လူမျိုး တစ်မျိုး အဖြစ် အသိ အမှတ်ပြု အောင် စီစဉ်နေသည်ဟု ဆိုသည်။
“ မကြာခင်မှာ ဒီရိုဟင်ဂျာတွေဟာ ဗြိတိသျှ ပါလီမန်ထဲကိုဝင်ပြီး သူတို့တွေဟာ မြန်မာ နိုင်ငံရဲ့ လူမျိုးစု တခု ဖြစ်တယ်။ ဗမာ အစိုးရက သော် ၎င်း၊ ဗမာ လူမျိုး တွေက သော်၎င်း၊ ရခိုင်လူမျိုးတွေက သော် ၎င်း၊ သူတို့တွေကို နှိပ်ကွက်နေပါတယ်လို့ တစာစာအော်ပြီးတော့ ဗြိတိ သျှ ပါလီမန်မှာ အရေးဆိုဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အင်္ဂလန်ကို လာတဲ့အချိန်မှာ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ အမတ်တွေဟာ ဒီကိစ္စကို နားမလည်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးတာတွေ၊ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ် လက်ခံအောင် ပြောမယ့် ကိစ္စတွေ ရှိနေ တယ်လို့ သိရ တယ်။ ဒါကြောင့် ဒီပြဿနာ အပေါ် အကုန်လုံးက သိရှိ နားလည် သဘောပေါက်လာအောင် ကျွန်မတို့က အသိပေးတဲ့ သဘော လည်း ဖြစ်ပါ တယ်” ဟု ပြောသည်။
ဒီရိုဟင်ဂျာ အရေး ကိစ္စဟာ မြန်မာနိုင်ငံ အတွက် ဘယ်အတိုင်းအတာထိ အရေးကြီးပါသလဲလို့ မေးမြန်းရာ သူမက ယခုလို ပြောသည်။
“ ဒီကိစ္စဟာ ဘာသာရေးကိစ္စလည်းမဟုတ်ပါ။ လူ့အခွင့်အရေးကိစ္စလည်း မဟုတ်ပါဘူး။ လူဝင်မှု ကြီးကြပ်ရေး ပြဿနာတခု ဖြစ်ပါတယ်။ ဒါ ပေမယ့် အခုအခါ ဒီပြဿ နာဟာ အထူး အရေးကြီးတဲ့ အဆင့်ကို ရောက်လာတယ်။ ဘယ်လောက်ထိ အရေးကြီးလဲဆိုရင် နိုင်ငံရဲ့ နယ်နိ မိတ်၊ နိုင်ငံရဲ့ အချုပ် အခြာ အာဏာ၊ မိမိနိုင်ငံရဲ့ အမျိုးသားရေးကိုထိ ထိခိုက်လာတဲ့ အခြေ အနေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရို ဟင်ဂျာတွေဟာ ရခိုင်ပြည်ကို ဗြိတိသျှ ကိုလိုနီခေတ်ကတည်းကပင် သူတို့တွေဟာ လယ်ယာမြေ လုပ်သားတွေအဖြစ် ၀င်ရောက် နေထိုင် တယ်။ ရခိုင်တွေ က လည်း သူတို့ကို ဧည့်သည်အဖြစ် လက်ခံ ထားတယ်။ ဒါပေမယ့် သူတို့ဟာ တဖြည်းဖြည်းနဲ့ လောဘကြီး လာပြီး ရခိုင် ပြည်ကို သူတို့ပြည်၊ သူတို့ဟာ ရခိုင်တွေထက် ဒီမြေမှာ အယင်ကတည်းကပင် ရောက်နေတဲ့လူတွေ ဖြစ်တယ်ဆိုတဲ့ လိမ်လည်တဲ့ သတင်း တွေကို ထုတ်လွင့်တယ်။ လူတွေကို အယုံသွင်းတယ်။ ဒါကြောင့်မို့လို့ တချို့ မြန်မာ့သမိုင်းကို နား မလည်တဲ့သူတွေက သူတို့ပြောတာ ကို ဟုတ် လေသယောင်၊ နားယောင်ကြပါတယ်။ သူတို့ဟာ ဧည့်သည်ကို အိမ်ရှင်က စော်ကားတာထက် ပိုဆိုးနေပါတယ်။ အဲဒီလို အခြေ အ နေ ကြောင့်မို့ ဒီကိစ္စဟာ ရခိုင်တမျိုးသားလုံးအတွက် အရေးသာမဟုတ်၊ မြန်မာ တစ်နိုင်လုံး အတွက်ပါ အရေးကြီးပါတယ်” ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် တရုတ်နွယ်ဖွား မြန်မာ လူမျိုးများ၊ အိန္ဒိယ နွယ်ဖွား မြန်မာ လူမျိုးများ ရှိကြောင်း၊ သူတို့ အနေဖြင့် မြန်မာ နိုင် ငံသား အဖြစ်ဖြင့် ပျော်ရွင်စွာ နေထိုင်နေကြကြောင်း၊ ရိုဟင်ဂျာ ဆိုသူများ အနေဖြင့်လည်း သူတို့ကဲ့သို့ နိုင်ငံသားအဖြစ်၊ ဧည့်နိုင်ငံသားအ ဖြစ် ဘယ်လိုဘဲနေနေ ရခိုင်လူမျိုးများ အနေဖြင့်သော်၎င်း၊ ဗမာလူမျိုးတွေအနေဖြင့်လည်း ကန့်ကွက်စရာ မရှိပါကြောင်း၊ သို့သော် သူတို့မှာ မရှိသည်ကို အရှိလုပ်ပြီး လိမ်လည်ကာ ရခိုင်ပြည်နယ်ကို သူတို့ ပြည်နယ် ဖြစ်ကြောင်း မဟုတ်မတရား သမိုင်းလိမ်များဖြင့် ကမ္ဘာတွင် လိမ် လည်နေ၍ ကန့်ကွက်ရခြင်းသာ ဖြစ်ကြောင်း သူမက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် နိုင်ငံရေး၊ လူမှု ရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ အပါ အ၀င် မြန်မာနိုင်ငံ ပြည် ထောင်စု တိုင်းရင်းသားများ ၁၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
၎င်းအပြင် ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာသူအားလုံးက အချက် ၉ ချက်ပါ လန်ဒန်ကြေငြာစာတမ်း London Declaration 2012 ကို တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဗြိတိသျှ ၀န်ကြီး ချုပ်ထံ ပေးပို့ ခဲ့ကြသည်ဟု သိရသည်။
No comments:
Post a Comment