Monday, June 4, 2012

စစ်တွေ ပစ်ခတ်မှု နောက်ဆက်တွဲ သတင်း

မင်းဆက်ခိုင်

ယမန်နေ့ည စစ်တွေတွင် ဆန္ဒပြတောင်းဆိုသည့် လူအုပ်ကို သေနတ်ပစ် ဖြိုခွင်းခဲ့သည့်နောက် ယနေ့တွင် စစ်တွေမြို့၌ စစ်တပ်များကိုပါ အား ဖြည့် ချထားလိုက်သည်။

“အမှတ်(၁) ရဲစခန်းမှာလည်း လုံခြုံရေးတွေအပြည့်ပါ။ စစ်တွေဆေးရုံးကြီးကိုဆိုရင် အပြင် လူတွေကို ပေးမဝင်ဘူးရှင့်။ လုံခြုံရေးတွေ ချထား တယ်။ မနေ့ ပစ်ခတ် ခဲ့တဲ့ အတွက် မြို့လူထုကြားမှာ မကျေနပ် မှုတွေ တိုးပွားနေကြပါတယ်။ အခြေနေက မအေးသေးပါဘူး။” ဟု စစ်တွေမှ အမျိုးသမီး တဦးက ပြောသည်။

ဆန္ဒပြတောင်းဆိုသည့် လူအုပ်ကို ရဲက ပစ်ခတ်ခဲ့မှုကြောင့် လူ၁၀ဦးခန့်မှာ စစ်တွေ ဆေးရုံကြီးတွင် ဆေးကုသနေရပြီး ထိုအထဲတွင် ဒဏ်ရာ ပြင်းထန်သည့် လူနာများ လည်းပါဝင်ကြောင်း ဆေးရုံ သတင်း ရပ်ကွက်အရ သိရသည်။

ယခုအချိန်ထိ မြို့နေရာအနံ့အပြားတွင် စစ်သားနှင့် ရဲသားများကို လုံခြုံရေးချထားကြောင်း သိရသည်။

ယမန့်က ပစ်ခတ်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ရဲမင်းကြီး၊ ရတပပါတီမှ ဦးလှစောအပါဝင် တခြားတဝန်ရှိသူများနှင့် အာဏာ ပိုင်များသည် ယနေ့ နံနက် ၁၁နာရီခန့်တွင် စတင် ဆွေးနွေး နေကြကြောင်း သိရသည်။

နောက်ဆက်တွဲများ ဆက်လက် ဖော်ပြပါမည်။

No comments: