Wednesday, June 20, 2012

ဆူပူ အကြမ်းဖက်သူများ လက်ချက်ကြောင့် ကူတောင်တွင် ၄ ဦးသေ ၉ ဦးပျောက် ဆုံး

နိရဉ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ပိုင်း ကူတောင် ကျေးရွာတွင် ယနေ့ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူမူ ဖြစ်စဉ်တွင် ရခိုင် ၂ ဦးနှင့် မွတ်ဆလင် ၂ ဦး သေဆုံးပြီး ရခိုင် ၉ ဦး ပျောက်ဆုံးနေကြောင်း ရတပ ပါတီ မြို့နယ် ဥက္ကဌ ဦး မောင်လှမြင့်က ပြောသည်။

“ ကျွန်တော် အခုဘဲ ကူတောင်ကနေ ရသေ့တောင်ကို ပြန်နေပါတယ်။ အဲဒီမှာ ဖြစ်တဲ့ ဖြစ်စဉ်မှာ ဥ ဂ္ဂါရွာက ကျောင်းဆရာ မောင်ထွန်းယဉ်နဲ့ နောက်ထပ် အ လောင်တစ်လောင်းကိုဘဲ ရတယ်။ ကျန် ၉ ဦးက ပျောက်ဆုံးနေတယ်။ မျက် မြင်တွေ အပြောအရ ဆူပူ သောင်းကျန်းတဲ့ သူတွေက သတ်ပြီးတဲ့ နောက်မှာ အဲဒီ အလောင်းတွေကို ဆွဲသွားတယ်လို့ ပြောပါ တယ်” ဟု သူက ပြောသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အနောက်ပြင် မွတ်ဆလင်ရွာမှ အကြမ်းဖက် ဆူပူလိုသူများသည် ကူတောင် အောက်ရွာအား မီး လာရှို့ခဲ့ကြကြောင်း၊ ကူတောင် ရွာသားများ ထွက်လိုက်စဉ် ဆူပူလိုသူများမှာ ထွက်ပြေးကြကြောင်း၊ သူတို့နောက်သို့ ကူတောင်ရွာ သားများ ဆက်လိုက်ရာ အနောက်ပြင် ရွာအနီးသို့ ရောက်သောအခါ ရွာထဲမှ သေ နတ် ဖြင့်ပစ်သဖြင့် ကူတောင် ရွာသားများ ပြန်ထွက် ပြေးစဉ် နောက်မှ လိုက်လာပြီး ဓါးဖြင့် ခုတ်ရာ ၁၁ ဦး ကျဆုံးသွားခဲ့ကြောင်း ဦးမောင်လှမြင့် က ပြောသည်။

“ သူတို့ အလောင်းတွေကို အနောက်ပြင်ရွာက မွတ်ဆလင်တွေ ဖျောက်ထားတယ်။ အခု စစ်တပ်နဲ့ ရဲက အဲဒီ အလောင်းတွေကို ရှာနေတယ်။ ကျွန်တော် ပြန်တဲ့ အချိန်ထိတော့ အလောင်းတွေကို မရသေးဘူး” ဟု သူက ဆက်ပြောသည်။

သေဆုံးသူများထဲတွင် သန္တာအောင် သားဖ၊ ထွန်းဘော်သားအဖ၊ စောသန်း၊ ပြူးချေ၊ တင်ထွန်း၊ သန်းချေ၊ ဦးတင်လိုင်နှင့် မောင်ထွန်း ယိုင် တို့ပါဝင်ကြောင်း ကူတောင် ကျေးရွာသား တစ်ဦးက ပြောသည်။

ရသေ့တောင် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါ ဖြစ်စဉ်တွင် ရခိုင်သုံးဦးနှင့် အနောက်ပြင်ရွာမှ မွတ်ဆလင် ၂ ဦး သေဆုံး ကြောင်း သ တင်းရရှိထားသည်ဟု ပြောသည်။ သို့သော်လည်း အသေးစိတ် ပြောပြရန် ငြင်းဆိုသည်။

အခင်းဖြစ်ပွားရာ အနောက်ပြင် ရွာသို့ ရောက်ရှိနေသူ ရသေ့တောင်မြို့နယ် မြို့နယ်မှူးအား မေးမြန်းရာ ရဲအဖွဲ့၏ တာဝန် ၀တ္တရားများ ကို ဆောင်ရွက်နေသဖြင့် လောလောဆယ် ဖြစ်စဉ်ကို မပြောနိုင်ကြောင်း ပြောဆိုသည်။

ယခုအခါ အခင်းဖြစ်ပွားရာ ဒေသသို့ စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး အခြေအနေမှာ ငြိမ်သက်နေသည်ဟု သိရ သည်။

No comments: