Sunday, June 17, 2012

ကားဟောင်းအပ်နှံ ကားတင်သွင်းသူများအား အခွန်လျှော့ပေါ့လိုက်

အောင်ဝင်း | တနင်္ဂနွေနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၂

ကားဟောင်းအပ်နှံကာ ကားတင်သွင်းမည့် သူများနှင့် အငှားယာဉ် Taxi အဖြစ် တင်သွင်းမည့် ယာဉ်များအတွက် အခွန်နှုန်းထားများကို လျှော ပေါ့ပေးမည့် အစီအစဉ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကတဆင့် ဇွန်လ ၁၅ ရက် နေ့ညက ကြေညာသွားသည်။

ကညန တွင် မှတ်ပုံတင် သတ်တမ်း နှစ် ၂ဝ နှင့်အထက် ယာဉ်များကို အပ်နှံကာ ကားသစ်တင်သွင်းခွင့် ပေးမည့် အစီအစဉ်သစ်ကို လွန်ခဲ့ သော မေလက ကြေညာထားခဲ့ရာ ယခုအခါတွင် “ဗ” အက္ခရာမှ စ၍ အနှစ် ၂ဝ ကျော် ယာဉ်ဟောင်များကို ကောင်း/ညံ့ မခွဲခြားတော့ဘဲ အခွန် ၆ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံမည် ဖြစ်သည်။

ဌာနဆိုင်ရာများမှ အသုံးပြုပြီးသော ကားများကို ပုဂ္ဂလိကသို့ လေလံစနစ်ဖြင့် ရောင်းချထားသော အက္ခရာမြင့် လေလံယာဉ်များအား ပိုင်ရှင် ဆန္ဒအရ ဖျက်သိမ်း၍ အစားထိုး တင်သွင်းလိုလျှင် ကောင်း/ညံ မခွဲခြားဘဲ ၆ဝ ရာခိုင်နှုန်း လျှော့ချ၍ အခွန်ကောက်မည် ဟုလည်း ဆို သည်။

ကားဟောင်း တက္ကစီယာဉ်ပိုင်ရှင်များအားလည်း တက္ကစီယာဉ်များအား ကိုယ်ပိုင်ယာဉ်အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက် ဖြင့် ၈ဝ ရာခိုင်နှုန်း အခွန် လျှော့ချ ကောက်ခံပါမည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ပြည်နယ်/တိုင်း အစိုးရအဖွဲ့၏ ထောက်ခံမှုဖြင့် တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော တက္ကစီယာဉ်များအား နယ်မြေ မပြောင်းရ ကိုယ်ပိုင် ယာဉ် အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက်များဖြင့် ၅ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံပါမည် ဟုလည်း ဆိုသည်။

ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် တက္ကစီ ယာဉ်များ တင်သွင်းခွင့် ပြုထားသည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် အပါအဝင် ကုမ္ပဏီ ပေါင်း ၁၁ ခုရှိကြောင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ နောက်ဆုံးပတ်က ထုတ်ပြန်ထားခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်း ကုမ္ပဏီတို့ အကျိုးတူ ပူး ပေါင်း ၍ တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော ယာဉ်များအား ကိုယ်ပိုင်ယာဉ်အဖြစ် ပြောင်းလဲခြင်း၊ ရောင်းချ၍ အမည် ပြောင်းလဲ ခြင်း မပြုရဟုသော ကန့်သတ်ချက်ဖြင့် ၅ဝ ရာခိုင်နှုန်း လျှော့ချ ကောက်ခံမည်ဟု ဆိုသည်။

ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းသည့် မူလအစီအစဉ်အရ အပ်နှံရမည့် “ပ” အက္ခရာအထိ ကားများကိုလည်း ကားကောင်း/ညံ့ မ ခွဲခြား တော့ဘဲ မူလက ၁ဝဝ ရာခိုင်နှုန်း အခွန် သတ်မှတ်ထားရာမှ ၄ဝ ရာခိုင်နှုန်း အခွန်လျှော့ချကောက်ခံမည် ဖြစ်ကြောင်းလည်း အဆို ပါ ထုတ် ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မှုလက ကားဟောင်းအပ်နှံသည့် အစီအစဉ်အရ အပ်နှံမည့် ကားများကို ကားဟောင်း ကားသစ် ခွဲခြားကာ ကညန အခွန် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိသာ လျှော့ချပေးခဲ့ပြီး ၁၉၉၆ ခုနှစ်မော်ဒယ်မှ ၂ဝဝ၆ ခုနှစ် မော်ဒယ်အထိ တပတ်ရစ်ကားများကို တင်သွင်းခွင့် ပြုခဲ့ သည်။

စက်တင်္ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိသော ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းခွင့် အစီအစဉ်အရ ကားဟောင်း အပ်နှံမှု များကို က ညန က မူလက ကြေညာထားသည့် အတိုင်း ”ပ” အက္ခရာအထိ ယာဉ်ဟောင်းများကို လက်ခံသည့် အစီအစဉ်ကို ဆောင်ရွက် ပေးလျက် ရှိရာ မေလမှ စတင်ကာ နိုင်ငံသားတိုင်း နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ကာ ၂ဝဝ၇ ခုနှစ်မော်ဒယ်နှင့်အထက် ယာဉ်များကို တင်သွင်းခွင့် ပြုခဲ့ရာ ကားဟောင်းအပ်နှံမည့် သူများ မရှိသလောက် နည်းပါးသွားခဲ့သည်။

အဆိုပါ အခွန် အရပ်ရပ် ကောက်ခံရရှိငွေများကို ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေရေး အတွက် တည် ဆောက် မည့် ခုံးကျော်တံတားများ တည်ဆောက်ရာတွင် ကျခံသုံးစွဲသွားမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကြေညာချက်တွင် ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်နှင့် စပယ်ယာ လက်မှတ်များကို သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ပေးပါမည်။ အငှား ယာဉ် မောင်း လိုင်စင်များကို သုံးနှစ်သို့ ထားရှိမည် ဟုလည်း ဆိုသည်။

No comments: