Friday, June 1, 2012

အစိုးသစ်လက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုရှိနေဆဲဟု လူ့အခွင့် အရေး ကွန်ရက် အဖွဲ့ပြော

နန်းသူးလေ(ကေအိုင်စီ)

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာခဲ့သော်လည်း ညှဉ်းပန်းနှိပ်စက်မှုများ လူ့အ ခွင့် အရေးချိုးဖောက်များရှိနေ သေးကြောင်း လူ့အ ခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)-NHRD က ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။

NHRD အဖွဲ့က ၂၀၁၀ရွေးကောက်ပွဲအပြီး မြန်မာအစိုးရ ကျူးလွန်ခဲ့သော ညှဉ်း ပန်း နှိပ်စက်မှုနှင့် နိုင်ထက်ပြု ကျင့်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ် တမ်း အစီရင်ခံစာထုတ်ကာ ထိုင်းနိုင်ငံဘန် ကောက်မြို့ရှိ နိုင်ငံ ခြား သတင်း ထောက်များ ကလပ် (FCCT) ၌ ယနေ့ နံနက်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ခဲ့သည်။

“တိုင်းပြည်ထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပြုပြင် ပြောင်းလဲရေး တွေလုပ် နေတယ် လို့ အစိုးရက ပြောနေ ပေမယ့် တနိုင်ငံလုံး အတိုင်း အတာ နဲ့ကြည့်ရင် လူ့အခွင့် အရေး ချိုးဖောက်မှု အနေ အထားဟာ အရင် အတိုင်းပဲ ပြောင်းလဲမှု မရှိဘူး။” ဟု NHRD ၏ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့တာဝန်ခံ ကိုထွန်းဇော် က ပြောသည်။

ဆက်လက်၍ ၂၀၁၀နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် အထူး သဖြင့် အမျိုးသမီးများနှင့် က လေးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေ ဆက်လက်ဆိုးရွားနေ သည်ဟု သူက ထောက်ပြပြောဆိုထားသည်။

ထို့အပြင် အကျဉ်းထောင်တွေထဲတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း၊ ညဘက်တွင် ကောင်းမွန်စွာ အိပ်မရခြင်း၊ အစားကောင်း ကျွေးမွေး မခံရခြင်း၊ တယောက်တည်း ပစ်ထားခံရခြင်း ဆက်လက်ရှိနေသည်ဟု NHRD က ပြောသည်။

NHRD အဖွဲ့သည် မြန်မာပြည်အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသများရှိ ကွင်းဆင်းလေ့လာပြီး သတင်းမှတ်တမ်း ကောက်ခံခြင်း၊ ချိုးဖောက်ခံ ရသည့် နေရာမှ ကျူးလွန်သူ၊ ခံရသူ အပါအ၀င် မျက်မြင် သက်သေ အထောက် အထားများတကွ အတည်ပြုရယူကာ ယခုလို လူ့အခွင့် အရေး ချိုးဖောက် ခံရမှု အစီရင် ခံစာ ထုတ်ပြန် လိုက်ခြင်း လည်းဖြစ် သည်။

တဆက်တည်း၌ပင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြားသတင်း မီဒီယာများအပါအ၀င် မြန်မာ ပြည်တွင်း ပြည်ပ သတင်း မီဒီ ယာမှ သတင်းထောက်များနှင့် လူထု ပရိဿတ် ၅၀ ကျော်တက်ရောက် ခဲ့သည်ဟု သိရသည်။

လက်ရှိ တိုင်းရင်းသားလူမျိုးများနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ပေါင်း ၁၃ဖွဲ့ ပါဝင်သည့် NHRD ကို ၂၀၀၄ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အခြေစိုက်သည့်အဖွဲ့ဖြစ်သည်။

No comments: