Friday, June 8, 2012

ပရဟိတ အဖွဲ့ဝင်များက ရွာ၏ စားကျက် မြေများ ရောင်းချနေ

နဒီမွန်

မွန်ပြည်နယ် ရေးမြို့နယ် ဒူယားရွာ၏ စားကျက်မြေကို ပရဟိတ ရပ်ရွာ အ ကျိုးဆောင် အဖွဲ့ဝင်တို့က ရွာ၏လမ်းပြင်ရန် အကြောင်းပြပြီ ၄င်းမြေကို ရောင်းချနေသည့်အပေါ် ရွာသားများမှ မကျေနပ်ကြောင်း ၄င်းဒေသရှိ ရွာ သားတို့က ပြောနေကြပါသည်။

၎င်းမြေကို ရွာသူရွာသားတို့အတွက် တောင်ယာခုတ်စပါး စိုက်ပျိုးရန်၊ ဟင်း သီးဟင်းရွက်များ စိုက်ပျိုးရန်နှင့် ထင်းခုတ်၊ နွားများကျောင်း နိုင်ရန် အတွက် ခေတ်အဆက်ဆက်မှ ရွာသားတို့က ထိန်းသိမ်း ထား ခဲ့ခြင်း ဖြစ်သည်။

“ဒီမြေကို ရွာရဲ့ စားကျက်မြေအဖြစ်နဲ့ ထားထားတာ ကြာပြီး၊ ဘယ်သူမှလည်း ခြံမစိုက်ကြဘူး၊ ထင်းခုတ် နွားကျောင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးတယ် ဒီ လောက်ပါဘဲ၊ အခုက လမ်းပြင်မယ် ဆိုပြီးတော့ ရောင်းနေတာ ကြာပြီး၊ အဲဒီ အဖွဲ့ဝင် လူကြီးတွေကဘဲ ရောင်းနေကြတယ်၊ သူတို့အဖွဲ့ဝင်က လွဲရင် ဘယ် သူမှ ရောင်းဖို့ သဘောမတူဘူး”ဟု အမည်မဖော်လို ဒူယားရွာခံတဦးမှ ပြော ပါသည်။

စားကျက်မြေကာ ဧက (၃၀ဝ) လောက်ရှိပြီး တစ်ဧကကို ငါးသိန်း (၅၀ဝ၀ဝ၀) ကျပ်နှုန်းဖြင့် ဧက (၇၀) လောက်ကို ရောင်းလိုက်ပြီ ဖြစ် ကြောင်း သိရပါသည်။ ၄င်းမြေအပြင် တခြားသော မြေပိုတချို့ကိုလည်း ဥက္ကဌက လက်မှတ်ထိုးပေးပြီး ရောင်းနေကြကြောင်း သိရပါသည်။

“ပရဟိတ ရပ်ရွာအကျိုးဆောင် အဖွဲ့ခေါင်းဆောင်တွေက အခု သူတို့လုပ်နေတဲ့ပုံစံက စားကျက်မြေနဲ့ ဘော်လုံးကွင်းမြေ၊ ဘုရားရှေ့က ကုန်းမြေတွေ၊ သုဿာန်(သ င်္ချိုင်း) မြေ တွေကိုပါ လမ်းလုပ်ဖို့ ဗန်းပြပြီးတော့ ငွေရှိသူသူဌေးတွေနဲ့ သူတို့အတိုင်းဝိုင်းက လူတွေ၊ သူတို့ မောင်နှမတွေကို ရောင်းချနေကြတယ်၊ ရလာတဲ့ငွေကို လမ်းနည်းနည်း ပြင်လိုက်တယ်၊ ကျန်တဲ့ငွေတွေတော့ သူတို့အချင်းချင်း ရောင်းဝယ်ရေး လုပ်နေကြ တယ်”ဟု ရေးမြို့နယ် ဖလိန်ဒေသ ဆင်းရဲသားအဖွဲ့တို့က ပြောပါသည်။

၎င်းအဖွဲ့ဝင်မှအပ မကျေနပ်သူများက ဝန်ကြီးများနှင့် နေပြည်တော်တိုင်အောင် တိုင် ကြားသော်လည်း ဘဲ ၄င်းအဖွဲ့ခေါင်းဆောင်တို့က ရပ်ရွာရှိလူကြီးများနှင့် မွန်ဝန်ကြီး များကို ခင်မင်ရင်းနှီးမှုရှိသော ကြောင့် တိုင်ကြားမှုက အရာမရောက်ဘဲ ငြိမ်သက် တုန်း ဘဲဟု ဆင်းရဲသား အဖွဲ့တို့က ပြောနေကြပါ သည်။

“တိုင်ကြားထားတယ် ဒီမှာတင် မကဘူး၊ နေပြည်တော် အထိဘဲ၊ သူတို့က လူကြီးတို့နဲ့ သိနေတော့ ငွေလာဘ်ထိုးလိုက်လား အမှုက ဒီအတိုင်းဘဲ ပျောက်နေ တယ်”ဟု ၄င်း ဆင်းရဲသား အဖွဲ့ တဦးက ပြောပါ သည်။

၎င်းမြေများကို ယခုအချိန်ထိ ရောင်းနေဆဲဘဲ ဖြစ်ပါသည်။ ဝယ်ပြီးသူများ ဘာမှ မလုပ် ရဲသလို၊ ဝယ်ဖို့ ကြံရွယ်နေသူများလည်း ပြဿနာ ဖြစ်လာမှာကို စိုးရိမ်သောကြောင့် မ ဝယ်ရဲဘဲ ရှိနေကြသည်ဟု ဒေသ ခံတို့က ပြောပါသည်။

No comments: