Friday, June 22, 2012

အစိုးရတပ်သားများပစ်ခတ်မှုကြောင့် ကလေးနှင့်မိခင်အား သေဆုံး

KNG

ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ်အနောက်ဘက်ခြမ်း တရုတ်-မြန်မာနယ်စပ် မုန်ကိုးဒေသ နော့ဂူကျေးရွာတွင် မြန်မာအစိုးရတပ်များ နေ အိမ် တွင်းဝင်ရောက်ကာ ကလေးနှင့်မိခင် ကို သေနတ်ပစ်ခတ်သွားခဲ့၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။

ဇွန်လ ၁၈ ရက်နေ့က မုန်းကိုးမှ ၃ မိုင်အကွာတွင်ရှိသော နော့ဂူကျေးရွာအနီးပတ်ဝန်ကျင်တွင် အစိုးရတပ်နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) များတိုက်ပွဲများဖြစ်ပွားနေချိန် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်းသိရသည်။

၉ လအရွယ်ကလေးငယ်အားပိုးထားသည့်မိခင်အား ကလေးနှင့်အတူ နံနက် ၆ နာရီခွဲချိန်တွင် မြန်မာစစ်တပ်က ၀င်ရောက် ပစ်သွားခြင်း ဖြစ် ကြောင်း တပ်မဟာ(၄) အရာရှိပြောသည်။

ထိုအမျိုးသမီးသည် အသက် ၄၀ အရွယ် တရုတ်အမျိုးသမီးဖြစ်ပြီး မုဆိုးမလည်းဖြစ်ကာ ကလေး ၆ ယောက် မိခင်လည်းဖြစ်သည်။

ဤဒေသပတ်ဝန်းကျင်တွင် မြန်မာအစိုးရတပ် ခလရ (၁၂၃) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ(၄) ကြား တိုက်ပွဲ များ ပြင်း ထန်နေသည့်နေချိန်ဖြစ်သည်။

တိုက်ပွဲများသည် နံနက်မိုးလင်းချိန်မှ ရပ်လိုက်နားလိုက်ဖြင့် တစ်ရက်အတွင်းဖြစ်ပွားနေပြီး တိုက်ပွဲတွင်း မြန်မာတပ်မှ ၁၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကြောင်း KIA အရာရှိတဦး ပြောသည်။ ၄င်းနှင့်ပတ်သက်၍ သီခြားအတည်ပြုခြင်းကိုမူ မသိရသေးပေ။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွင် သေဆုံးမှုမရှိသော်လည်း ဒဏ်ရာရရှိကြောင်း သိရသည်။

ဇွန် ၁၉ ရက် ညနေတွင်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်ရင်း(၃၆) ဘန်ဆိုင်းအထက်တွင် မြန်မာအစိုးတပ်ခွဲများ ဝင်ရောက်လာချိန် ရင်ဆိုင်တိုက်ပွဲငယ်ဆက်လက်ဖြစ်ပွားခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးမှုများရှိချိန်တွင်း အစိုးရစစ်တပ် အင်အားများလည်း ကချင်ပြည်နယ်သို့ တိုးချဲ့နေပြီး တိုက်ပွဲများလည်း အဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။

No comments: