Monday, June 18, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အခြေအနေမှန်များကို ကမ္ဘာကုလသမဂ္ဂမှ သိရှိစေရန် ဂျပန် နိုင်ငံ တိုကျိုမြို့တွင် မြန်မာတိုင်းရင်းသားများက ဖေါ်ထုတ် တင်ပြ

နိရဉ္စရာ

ရခိုင်ပြည်နယ်အတွင်း အမှန်တကယ်ဖြစ်ပွာနေသော အခြေအနေများကို ကမ္ဘာကုလသမဂ္ဂမှ သိရှိစေရန် အတွက် ရည်ရွယ်ပြီး ဆန္ဒပြ ဖေါ် ထုတ်ပွဲ တစ်ခုကို ၂၀၁၂ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ပြုလုပ်ခဲ့သည်။

၎င်းဆန္ဒပြ ဖေါ်ထုတ်ပွဲအား တိုကျို Shibuya ရပ်ကွက်ရှိ ကမ္ဘာကုလသမဂ္ဂ အဖွဲ့အစည်းများ အခြေစိုက်ရာ United Nations University ရှေ့တွင် မြန်မာ တိုင်းရင်းသားများ (၄၀)ကျော်က ဓါတ်ပုံများကို ကိုင်ဆောင်ပြီး ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒပြ ဖေါ်ထုတ်ပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။ ဆန္ဒပြပွဲကို ပြုလုပ်ရခြင်းနှင့် ပက် သက်၍ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) အထွေထွေအတွင်းရေးမှူး ကိုကျော်သန်းလှိုင်က ယခုလို ပြောသည်။

“ ဘဂါင်္လီတွေဟာ သူတို့က စနှစ်တကျ အကြမ်းဖက်ပြီး တဖက်မှာ ကျွန်တော် တို့ ရခိုင်တွေကဘဲ စစ်တပ်၊ရဲတွေနှင့်ပေါင်းပြီး သူတို့ကိုအနိုင် ကျင့် အကြမ်းဖက်နေတဲ့ပုံစံမျိုး နှင့် ကမ္ဘာကို လိမ်ညာ နေတယ်။ အဲဒီအတွက်ကြောင့် အမှန် တကယ် ဖြစ်ပွား နေတဲ့ ရခိုင်က အခြေ အနေ တွေကို ကမ္ဘာက သိအောင် ၊ ကမ္ဘာ ကုလသမဂ္ဂမှ သိအောင် ကျွန်တော်တို့ ဆန္ဒပြ ဖေါ် ထုတ် ရခြင်းဖြစ်ပါတယ်။”

ဆန္ဒပြသူများသည် ဆန္ဒပြပွဲတွင် ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဆီသို့ စာတစ်စောင်ကိုလည်း ရေးသား ပေးပို့ခဲ့ သည်ဟု ဆိုသည်။

“ ယူအန် အထွေထွေ အတွင်းရေးမှူးချုပ်ဆီကို ရေးသားထားတဲ့ စာမှာ ယခု လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင် ပြည်နယ်ရဲ့ အခြေ အနေတွေကို အ ထောက်အထား မှတ်တမ်း မှတ်ရာတွေနဲ့ အတူ တင်ပြ ထားပါတယ်။ ဘယ်သူတွေက အ ကြမ်းဖက်မူကို ပြုလုပ်ခဲ့သလဲဆိုတာကို သိရှိ အောင် တင်ပြတာ ဖြစ်ပါတယ်။ အဲဒီစာကို ဂျပန်ရှိ ကမ္ဘာကုလသမဂ္ဂ တာဝန်ခံမှ တဆင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်းဆီသို့ ပေးပို့ခဲ့ပါတယ်” ဟု ကိုကျော်သန်းလိုင်က ပြောသည်။

လက်ရှိ ရခိုင်ပြည်တွင်ဖြစ်ပေါ်နေသော အခြေအနေများ အတွက် ဂျပန်ရောက် ရခိုင်များ၏ စီစဉ် ထားမူ အခြေအနေများကို သူက ဆက် ရှင်း ပြသည်။

“ ကျွန်တော်တို့ ဂျပန်ရောက် ရခိုင်တွေဟ ၁၀.၆.၂၀၁၂ နေ့မှာ အရေးပေါ် အစည်းအဝေးတခု ခေါ် ယူခဲ့ပါတယ်။ လက်ရှိ ရခိုင်ပြည်တွင်ဖြစ် ပေါ်နေတဲ့ အခြေ အနေများကို ကူညီ ဆောင်ရွက် ပေးနိုင်ရန် အတွက် ကယ်ဆယ်ရေး ကော်မ တီတခုကိုဖွဲ့စည်းခဲ့ပါတယ်။ ချက်ချင်းဘဲ အလှု ငွေတွေကိုလည်း ကောက်ခံခဲ့ပါတယ်။ အဲဒီနေ့မှာဘဲ အလှုငွေ မြန်မာငွေ ကျပ်သိန်း ၂၀၀ ကောက်ခံရရှိခဲ့ပါတယ်။ အဲဒီငွေထဲက အချို့ တဝက် ကို ပြည်တွင်း ဒုက္ခရောက်နေသူများကို အကူညီ စတင် ပေးအပ်နေပြီ ဖြစ်ပါတယ်။ နောက်ထပ်လည်း အကူအညီတွေ အများ ရရှိ အုံးမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ကို ဂျပန်ရောက် ဒီမိုကရေစီ အဖွဲ့အစည်း တွေရော၊ တိုင်းရင်းသား အဖွဲ့ အစည်း တွေရော အကူအညီ ပေးဖို့ ကမ်းလှမ်း လာမှုတွေ အများကြီးရှိနေပါတယ်” ဟု သူက ပြောကြား သွားခဲ့သည်။

ယခုဖြစ်ပေါ်သော ရခိုင်အရေးအခင်းတွင် မြန်မာပြည်ဖွား တိုင်းရင်းသားလုံးက ရခိုင်ပြည်သူ ဘက်မှ များစွာ စာနာ ထောက်ထားကြပြီး ကူ ညီ ပေးကြရန်အဆင်သင့်ရှိနေကြကြောင်း သူက ပြောဆိုသွားသည်။

No comments: