Friday, June 15, 2012

မူစယ် ၁၀၅ မိုင် ရှောင်ကွင်း လမ်းတွင် ဂိတ်ဖွင့်၍ ကယ်ရီကား များကို အခွန်ကောက်

သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း အတွင်းရှိ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေး ဂိတ်အား ရှောင်ကွင်း သည့် လမ်းပေါ်တွင် ဂိတ်များဖွင့်၍ အခွန်ကောက်နေကြောင်း ဒေသခံတချို့ အဆိုအရသိရသည်။

၁ မိုင်ခန့်သာ ရှည်လျားသည့် မော့တောင်းရွာအုပ်စုအနီး ခိုခေးလမ်းပေါ်တွင် စစ်မှုထမ်းဟောင်းနှင့်ပြည်သူ့စစ်အဖွဲ့ များမှ အနည်းဆုံး ဂိတ် ၅ ခုခန့် ဖွင့်လှစ်၍ ငွေကောက်ခံနေခြင်း ဖြစ်ပြီး ၄င်းဂိတ်များဖွင့်ခွင့်ရရန် မူစယ် ၁၀၅ မိုင်ရှိ ရဲစခန်းမှူးအား ငွေပေးရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ပန်းဆိုင်း - နမ့်တောင်းဘက်ကထွက်လာတယ်လေ။ ၁၀၅ မိုင်ကို ကွင်းတဲ့လမ်းပေါ့ ၁၀၅ မိုင်စခန်း မှူးဆီမှာကိုစိုးဝင်း ဆိုတဲ့ လူ အခွန်ဆောင် ထားတာ။ သူက တစ်ဂိတ်ဖွင့်တယ်။ သူ့အဖေက တစ်ဂိတ် မုံးပုတ် ပြည်သူ့စစ်က တစ်ဂိတ် ၊ KDA က တစ်ဂိတ် ၊ စစ်မှုထမ်းဟောင်းက တစ် ဂိတ်ပေါ့ သူတို့ဖွင့်ထားတာ ” ဟု ဆိုသည် ။

ဂိတ်ကြေးငွေ အဖြစ် တစ်ဖွဲ့လျှင် တစ်လ ကျပ် ၁ သိန်းဝန်းကျင် ပေးဆောင်ရပြီး တရားမဝင်သယ်ယူသည့် ကယ်ရီ ကုန်များ အဆိုပါ လမ်း အတိုင်း သွားလာသည်ဟု ဆိုသည် ။

အဆိုပါဂိတ်များတွင် ပေးဆောင်ရမည့် ကယ်ရီခကို သီးခြားသတ်မှတ်ထားခြင်း မရှိပဲ နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍ ပေးဆောင်ရကြောင်း တုန်ဖုန်း ကားတစ်စီး အနည်းဆုံး ကျပ် ၅၀၀၀ နှင့် ထော်လာဂျီ တစ်စီး ကျပ် ၃၀၀၀ ၀န်းကျင် ပေးဆောင်ရ ကြောင်း သိရသည် ။

No comments: