Thursday, June 7, 2012

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တောင်ကုတ် အကြမ်းဖက် အသတ်ခံရသူ မွတ်ဆ လင် ၁၀ ဦး ဓါတ်ပုံ ဖြန့်ဝေ

(ကုလားတန်)

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တောင်ကုတ်၌ ရခိုင် အစွန်းရောက်သမား များ၏ အကြမ်းဖက် အသတ်ခံရသူ မွတ်ဆလင် ၁၀ ဦး ဓါတ်ပုံများ ကို ရိုဟင်ဂျာ လူငယ်များ က ၎င်းဒေသ နေ ရိုဟင်ဂျာလူထုအား ဇွန်လ ၆ ရက် နေ့ တွင် ဖြန့်ဝေဖြန့်ဖြူးနေကြောင်း မောင်တောမြို့မှ ကျောင်း သားတဦးက ပြောပြသည်။

ဇွန်လ ၃ ရက်နေ့တွင် ဖြစ်ပွါးသောခဲ့သော ရခိုင် အစွန်းရောက်သမား ၏ အကြမ်းဖက်သတ်ဖြတ်ခံရသော မွတ်ဆလင် ၁၀ ဦး ၏ အကြောင်း ကို အင်တာနက် ဝတ်ဆိုက် နှင့် လူမှုကွန်ယက်တို့တွင်ဖတ်ရှု ကြည့်ကြောင်း၊ ၎င်း စာမျက်နှာ ပေါ်တွင် အကြမ်းဖက်အသတ်ခံရသော မွတ်ဆ လင် ၁၀ ဦး၏ ဓါတ်ပုံများကိုလည်း ရရှိခဲ့ ကြောင်း ၊ ၎င်း ဓါတ်ပုံများကို နီးစပ်ရာ ကွန်ပျူတာဆိုင်များ တွင် သွားရောက်ပုံနှိပ် ထုတ်ဝေ၍ မိမိတို့ လူမျိုးစုများ အား ဖြန့်ဝေခဲ့ကြောင်း ၎င်းကပင် ပြောပြသည်။

သို့သော် ဘူးသီးတောင် ရဲစခန်းမှ ရိုဟင်ဂျာ လူငယ်တဦးနှင့် ကွန်ပျူတာဆိုင် ပိုင်ရှင်တဦး ကို အကြမ်းဖက် အသတ်ခံရသူများ၏ ဓါတ်ပုံများကို ပုံနှိပ်ထုတ်ဝေနေစဉ် ဖမ်းဆီးသွားကြောင်း မောင်တောမြို့မှ လူကြီးတဦး၏ ပြောပြချက်အရ သိရသည်။

သေဆုံးသွားသော မွတ်ဆလင် ၈ ဦး အလောင်း ( ဓါတ်ပုံ http://mandalaygazette.com )

ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာ လူထုများသည် ရဲစခန်းသို့သွားပြီး၊ နာရီဝက်ခန့်ကြာ ငြိမ်းချမ်းသွာ ရိုဟင်ဂျာ လူငယ်နှစ်ဦးအား လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ရဲစခန်းမှ တာဝန်ရှိ အရာရှိ၏ ပြောပြချက်ကြောင်း ရိုဟင်ဂျာ လူထုများအား လူစုကွဲပြီး ပြန်သွားခဲ့ကြောင်း၊ ညအချိန်တွင် ၎င်းရိုဟင်ဂျာ လူငယ်နှစ်ဦးအား လွှတ်ပေးခဲ့ကြောင်း ၎င်း လူကြီးကပင် ပြောဆိုသည်။

မောင်တောမြို့နယ် ကျေးရွားများရှိ ရိုဟင်ဂျာ အများစုမှာ ရိုဟင်ဂျာ လူငယ်များ ကူးယူ ပုံနှိပ်ခဲ့သော အကြမ်းဖက် အသတ်ခံရသူများ၏ ဓါတ် ပုံများကို ကြည့်ရှုခွင့် ရရှိ ခဲ့ကြောင်း သိရသည်။

ထို့နည်းတူ ဘင်္ဂါလာဒေရှ်နိုင်ငံရှိ နော်ယာဖါရာ ဒုက္ခသည်စခန်းတွင် တောင်ကုတ် အကြမ်းဖက် အသတ်ခံရ သူများ ၏ ဓါတ်ပုံများကို ဖြန့်ဝေ ဖြန့်ဖြူးခဲ့ကြောင်း ဒုက္ခသည်စခန်းမှ လူကြီးတဦး၏ ပြောပြချက် အရ သိရသည်။

သေဆုံးသွားသော မွတ်ဆလင် အလောင်း အချို့( ဓါတ်ပုံ http://mandalaygazette.com )

ယ္ခုလို ဓါတ်ပုံများဖြန့်ဝေခြင်းမှဲာမန်မာနိုင်ငံတွင် မွတ်ဆလင်များ ခံစားနေရသော အခြေအနေများကို ဒုက္ခသည်စခန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံလူများ သိရှိရန်ဖြစ်ကြောင်း ၎င်းကပင် ပြောပြသည်။

No comments: