Thursday, June 7, 2012

အစိုးရတပ်နှင့် KIA ကြား စစ်ဖြစ်ပွားမှု ၁ နှစ်ပြည့် ဆုတောင်းပွဲ လူငယ်များပြုလုပ်မည်

KNG

ကချင်ပြည်နယ်တွင် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ပွားမှု ၁နှစ်ပြည့် ဆုတောင်းပွဲ အခမ်း အ နားကို လာမည့်ဇွန် (၉)ရက် နေ့တွင် ကချင် ကျောင်းသား လူ ငယ်များ စုပေါင်း၍ မြစ်ကြီးနားတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။

မြစ်ကြီးနားမြို့ရှိ တက္ကသိုလ် ကျောင်းသူကျောင်းသားများနှင့် ကချင်နှစ်ခြင်းခရစ်ယာန် KBC လူငယ်များ ပူပေါင်းကာ နောင်းနန် ကချင် ဓမ္မ ကောလိပ် KTC ကျောင်းဝင်း AD 2000 ခန်းမတွင် ဆုတောင်း ပွဲအစီစဉ်များ ပြုလုပ်ရန်ပြင်ဆင်နေကြသည်ဟု လူငယ်များပြောသည်။

“ဇွန်လ (၉)ရက်၊ မနက် ၇း၀၀နာရီ မှာ တက္ကသိုလ်ကျောင်းသူကျောင်းသားများက အကျီင်္အဖြူနဲ့ ရိုးရာ ပုဆိုးဝတ်ဆင်ပါဝင်သွားမယ်၊ သူတို့တွေ့မြင်နေရတဲ့ ကြောင်းအရာ ရေးပြီးပိုစတာများ ကပ်သွားမယ်။ နောက်ပြီး စစ်ပြေးဒုက္ခသည်များကို သွားရောက်တွေ့ဆုံပုံ၊ သွားရောက်ကူညီတဲ့ ပုံတွေကို ပြသပြီး ပါဝင်သွားမယ်” ပာု Youth Education Service Group မှ လူငယ် ခေါင်းဆောင် တစ်ဦးပြောသည်။

လူငယ်များ ကျောင်းသူကျောင်းသားများစုပေါင်းကာ လူဦးရေ အယောက် ၂၀၀ အနည်းဆုံးတက်ရောက်မည်ဟုခန့်မှန်းထားကြောင်း အစီစဉ် ဖြစ်မြောက်ရေးလူငယ်မှပြောသည်။

ထိုနေ့အတွက် ရန်ပုံငွေရှာခြင်းများ T-shirt အင်္ကျီအဖြူများ ဖြန့်ချီရောင်းချပြီး ရရှိလာသောအမြတ် ငွေများကို စစ်ပြေးဒုက္ခသည်စခန်းများတွင် ကူညီသွားမည်ကြောင်းလည်းသိရှိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရကြား အပစ်ခတ်ရပ်စဲခြင်းသဘောတူညီမှုသည် လွန်ခဲ့သည့်နှစ်ဇွန်လ ၉ ရက်နေ့မှစ၍ ပျက် ပြယ်သွားခဲ့ရာမှ ယနေ့ချိန်ထိ တိုက်ပွဲများသည် အဆက် မပြတ် ဖြစ်ပွား နေခြင်း ဖြစ်သည်။

No comments: