Sunday, June 10, 2012

အစိုးတပ်နှင့် KIO တိုက်ပွဲ တနှစ်ပြည်ဆုတောင်းပွဲ လူငယ်များကျင်းပ

KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတပ်များကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်နေ့ ဇွန် (၉)ရက်နေ့ တနှစ်ပြည့် အထိမ်း အမှတ် အဖြစ် ကချင် လူငယ်များ စုပေါင်း၍ မြစ်ကြီနားတွင် ဆုတောင်းပွဲအစီစဉ်ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့ နောင်းနန့် ကျေးရွာ အုပ်စုတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူငယ်ဌာနမှဦးဆောင်၍ ဆုတောင်းခြင်း အခမ်းအနားကို နံနက် ၉နာရီမှ ၁နာရီထိပြုလုပ်ကျင်းပခဲ့ရာ လူငယ် ၂၅၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

ဒုက္ခသည်စခန်းအပါအ၀င် မြစ်ကြီးနားနှင့် ၀ိုင်းမော်ဇုံနယ်မှ လူငယ်များ တက်ရောက်ခဲ့ကြရာ လူငယ် ၄၀၀ ကျော်ခန့်သည် ကချင်တူညီဝတ် စုံများဝတ်ဆင်၍သော်၎င်း အချို့လူငယ်များသည် မိမိကြိုက် နှစ်သက်ရာ ကချင်နှင့် အခြားသောဝတ်ဆင်မှုများဖြင့်၎င်း တက်ကြွစွာ တက်ရောက် ခဲ့ကြ သည်။

ကဏ္ဍပေါင်းစုံမှလူငယ်များသည် မိမိတို့ဆိုင်ရာအလုပ်တာဝန်များခန့်ခွဲ၍ ကချင်ဓမ္မကျမ်းစာကျောင်းသားများကလည်း ကြိုဆိုမိတ်ဆက်ခြင်း (social fellowship)၊ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား များလည်းရေသန့်ဘူးများရောင်းချခြင်းဖြင့် အခမ်းအနားပြင်ဆင်ခြင်းအားဖြင့် အစီစဉ်များကိုအသီးသီးတာဝန်ယူဝိုင်းဝန်းပြုလုပ်သွားခဲ့သည်။

မြစ်ကြီးနားနှစ်ခြင်းခရစ်ယာန်လူငယ်ဌာနမှမီဒီယာများနှင့် ကင်မရာနှင့် ဗီဒီယိုရိုက်ကူးခြင်းအားဖြင့်လည်း မှတ်တမ်းများပြုလုပ်သွားသည်။

အခန်းအနားနှင့် အစီအစဉ်ရလဒ်များအား လူငယ်ခေါင်းများမှတဆင့် ဆက်လက်၍စုဆောင်းနေဆဲဖြစ်သည်။

No comments: