Friday, June 1, 2012

ဖားကန့်မြို့နယ်တွင် KIO/KIA မိသားစုများ အတွက် ရွာသစ်ဖွင့်

KNG

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် KIO/KIA (ကချင် လွတ်မြောက်ရေး အဖွဲ့ နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့) တော်လှန်ရေး မိသားစု များ နေထိုင်ရန် အိမ်ခြေ ၄၀ ရှိ ပဒန်ကောင် (Padang Kawng) ရွာသစ်ကို မေ ၂၆၊ စနေန့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ထိုရွာသစ်တွင် KIO/KIA တော်လှန်ရေး အမှု့ထမ်း မိသားစုများ နေထိုင်မည်ဖြစ်ပြီး၊ နေထိုင်မည့်မိသားစုများကို ကော်မတီ မှရွေးချယ် ဆုံး ဖြတ်ပေးသွားမည်ဖြစ်သည်ဟု KIA တပ်ရင်း (၆) အရာရှိ တစ်ဦး ပြောသည်။

ပဒန်ကောင်ကျေးရွာသစ်သည် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆)၏ ထိန်းချုပ်နယ်မြေဖြစ်သော ဥရုချောင်းအ နီး၊ အာလူးမှော်နှင့် ဂေါက်ကွင်းကြားတွင် တည်ရှိကြောင်း သိရသည်။

ရွာသစ်တွင် အိမ်သစ် ၄၀ အပါအ၀င် အိမ်သာ၊ ရေတွင်း နှင့် မူကြိုကျောင်း တစ်ကျောင်းကိုလည်း ဆောက်လုပ်ပေးထားသည်ဟု KIA အရာ ရှိ တစ်ဦးပြောသည်။

KIA တပ်ရင်း ၆ ၏ စီမံမှုအောက် ရွာသစ်ဆောက်လုပ်ခြင်း ကုန်ကျစရိတ်ကို ဖားကန့် ဒေသခံအချို့နှင့် ကျောက်စိမ်းလောပန်းများ ထည့်ဝင် ကြသည်ဟု ယင်းအရာရှိက ဆက်ပြောသည်။

ရွာသစ်ဖွင့်ပွဲသို့ ဒေသခံပြည်သူများ၊ ကျောက်စိမ်းလောပန်းများ နှင့် KIA အရာရှိများ တက်ရောက်ပြီး ဂင်ဆီ (Ginsi) ဂိုဏ်းပေါင်းစုံ ကချင် ခ ရစ် ယာန်အသင်းတော်များမှ ဆရာများ ဆုတောင်း ဖွင့်လှစ် ပေး ခဲ့ကြောင်း သိရသည်။

ယခုချိန် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကြားဖြစ်ပွားနေသည့်ပြည်တွင်းစစ်ကြောင့်၊ အခက်အခဲများရှိနေသော KIA စစ်မှု့ထမ်း မိသားစုများ၏ အခက်အခဲများကို တနည်း အားဖြင့် ကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း သိရ သည်။

No comments: