Friday, June 8, 2012

KNPP ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက်စတင်

နှောင်းလှိုင်

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ - KNPP ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ပြီးခဲ့တဲ့ ပြည်နယ် အဆင့် တွေ့ဆုံ ဆွေးနွေး ပွဲမှာ ဦး ဆောင် သွားတဲ့ အတွင်းရေးမှူး - ၁ ခူဦးရယ်ကပဲ ယခု ပြည်ထောင် စုအဆင့်မှာ ထပ်မံ ဦးဆောင် သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ပြုလုပ်ဖို့ KNPP ဘက်က နေရာ ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ပြည်နယ်၊ ဒေသအတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပိုမိုဆက်စပ်မှုရှိပြီး ပိုမို သင့်လျော်တယ်လို့ ယူဆရတဲ့အတွက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို လွိုင်ကော်မြို့မှာဘဲ ပြန်လည်တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ် တယ် လို့ ခူဦးရယ်က ပြောပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP မှ ပြည်ထောင်စုအဆင့် တက်ရောက်မယ့် ကိုယ်စားလှယ်တွေကတော့ -
၁။ ခူဦးရယ် - ပါတီ အတွင်းရေးမှူး-၁ အဖွဲ့ခေါင်းဆောင်
၂။ ဦးအောင်ဆန်းမြင့် - ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်
၃။ ဗိုလ်ချုပ်ဘီထူး - ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ ကရင်နီပြည်၊ တပ်မတော်၊ စစ်ဦးစီးချုပ်
၎။ ဗိုလ်မှူးကြီးဘုန်းနိုင်- ပါတီ ဗဟို ကော်မီတီဝင်၊ စစ်ရေးချုပ်၊ ကရင်နီပြည် တပ်မတော်
၅။ ခူရှားရယ် - ပါတီ ဗဟို ကော်မီတီဝင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
၆။ ခူဒယ်နီယယ် - ပါတီ ဗဟို ကော်မီတီဝင်
၇။ ရွှေမျိုးသန့် - ပါတီ အရံဗဟိုကော်မီတီဝင်
၈။ ခူညေးရယ် - ပါတီ အရံဗဟိုကော်မီတီဝင်
၉။ ခူပလုရယ် - ပါတီ အရံဗဟို ကော်မီတီဝင်နဲ့ မှတ်တမ်းအဖွဲ့ ၁၀ ဦး တို့ဖြစ်ကြပါတယ်။

KNPP ဟာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်များကို ပြီးခဲ့တဲ့မေလ ၁၄၊ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ တရားဝင် ရွေးချယ် လိုက်တာ ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၉ ရက်နေ့၊ လွိုင်ကော် မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

No comments: