Wednesday, June 6, 2012

MAU မှ မွန်ဒီမိုကရေစီ ပါတီ နှုတ်ထွက် သည်ကို သံဃာတော် များ မလိုလား

နိုင်မာန်

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ အမည်ပြောင်း ဖွဲ့စည်းလိုက် သည့် မွန်ဒီမို ကရေစီပါတီသည် ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီထူထောင်ခွင့် ပြုလိုက် ပြီ ဖြစ်သည့်အတွက် မွန်အမျိုး သားရေးရာ အဖွဲ့ချုပ် (MAU) မှ နှုတ်ထွက် လိုက် ခြင်း ကို သံဃာတော်များက မလိုလားကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့တွင် ပါတီ ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်ပြီးနောက် MAU နှင့် ENC မှ နှုတ်ထွက်ရန် ဆုံးဖြတ်ချက် ချခဲ့ပြီး၊ မေလ ၃၀ ရက်နေ့ MA U ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် တရားဝင် နှုတ်ထွက်လိုက်ခြင်း ဖြစ် သည်။

မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်သည် မွန်လူမျိုးအတွင်း အကြီးဆုံးအဖွဲ့ ဖြစ်ပြီး ပြည်တွင်းရှိ MAU လုပ်ငန်းခွဲ ဗဟိုကော်မတီ အစည်းအဝေးအတွင်း မွန်ဒီမိုကရေစီပါတီ နှုတ်ထွက်လိုက်သည့်အပေါ် ရဟန်းပျို များက ကန့် ကွက်ခဲ့ကြသည်။

မွန်ရဟန်းပျိုအဖွဲ့ ကိုယ်စား အရှင်သုခဟံသာ က “မွန်ဒီမိုက မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်ကို ဦးဆောင်တဲ့ ပါတီလို့ ပြောထားပြီးတော့ အခု ဘာ့ကြောင့် နှုတ်ထွက် လိုက်တာလဲ၊ အစိုးရမှာ မှတ်ပုံတင်ပြီး အစိုးရ ဥပဒေဘောင်အတွင်းမှာ လုပ်တာက အဓိကလား၊ ဒါမှမဟုတ် မွန်လူမျိုး တွေနဲ့ ပေါင်းပြီး အမျိုးသား လွတ်မြောက်ရေးကို လုပ်တာက အဓိကလား” ဟု အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်။

မွန်ဒီမို ကိုယ်စားလှယ် MAU ၏ ပြည်တွင်း လုပ်ငန်းခွဲ သဘာပတိ ဖြစ်သည့် နိုင်သုဝဏ္ဏ က “တပည့်တော်လို့ ထွက်ချင်လို့ ထွက်လိုက်တာ မ ဟုတ်ပါဘူး၊ နိုင်ငံရေး အ ခြေအနေအရ ထွက်သင့်လို့ ထွက်လိုက်ရတာပါ” ဟု ပြန်လည် ရှင်းချက်ထုတ်ခဲ့သည်။

မွန်ဒီမိုကရေစီပါတီ နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ မွန်လူမှု အဖွဲ့အစည်းများကလည်း မကျေနပ်ကြကြောင်း သိရသည်။

ဂီတမွန် အစည်းအရုံးမှ နိုင်ဇာတိနိုင်ကလည်း “ပြည်တွင်းမှာ မွန်ဒီမိုကပဲ မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကို ဦးဆောင်နေတယ်။ စာပေနဲ့ယဉ် ကျေး မှုအဖွဲ့တို့၊ မွန်အမျိုး သားနေ့တို့ ဆိုတာလည်း မွန်ဒီမိုပဲ ဦးဆောင်ပြီး လုပ်နေတယ်၊ အခုတော့ အစိုးရမှာ တရားဝင် လွတ်လွတ် လပ်လပ် လုပ်ခွင့်ရပြီ ဆိုပြီး MAU က နှုတ်ထွက်တော့မယ်ဆိုတော့ မွန်ဒီမိုရဲ့ သြဇာဟာ ကျဆင်း သွားနိုင်တယ်” ဟု ပြောသည်။

MAU မှ မွန်ဒီမို နှုတ်ထွက်ခြင်းနှင့် ပတ်သက်ပြီး ပါတီအတွင်းတွင်လည်း အမြင်ကွဲပြားခြင်းများ ရှိကြသည်။ တဖက်တွင် နိုင်ငံရေး မှတ်ပုံတင်ပြီး မှတ်ပုံတင် မရှိသည့် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ဖြတ်ခြင်းနှင့် တဖက်တွင် အမျိုးသားရေး လှုပ်ရှားနေသည့် အဖွဲ့များ၊ တိုင်းရင်း သား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

MAU သက်တမ်း လေးနှစ် ပြည့်မြောက်သည်ထိ ရပ်တည်နိုင်ရန်အတွက် အဓိက ဦးဆောင်သည့်အဖွဲ့များမှာ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (မွန်ဒီမိုကရေစီပါတီ) နှင့် မွန်ပြည်သစ်ပါတီတို့ ဖြစ်ကြပြီး၊ နိုင်ငံတကာရောက် မွန်အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံနှင့် နယ်စပ်ရောက် မွန်အဖွဲ့အ စည်းများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

“ဆဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲတုန်းက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ အစိုးရမှာ တရားဝင် နိုင်ငံရေး ပါတီ ဖြစ်လို့ ဒီနှီးနှော ဖ လှယ်ပွဲကို မတက်ရောက်နိုင်ဘူးလို့ မွန်ဒီမိုက ပြောတယ်။ ဒီလာမယ့် နှီးနှောဖလှယ်ပွဲမှာကော မွန်ဒီမိုက ဘာတွေ ပြောဦး မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပဲ” ဟု အရှင်သုခဟံသာက ပြောသည်။

No comments: