Saturday, June 2, 2012

ဒေသခံ လူထုနှင့် ထိတွေ့မှု ရယူရန် RCSS/SSA ပြင်ဆင်

သျှမ်းသံတော်ဆင့်

နိုင်ငံရေးပြဿနာမဖြေရှင်းနိုင်သေးသရွေ့ မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့ ပိုနေမြဲ ကျားနေမြဲဆက်နေသွား ကြမည်ဖြစ်ပြီး လတ် တလောအခြေအနေမှာမူ ဒေသခံလူထုနှင့်ထိတွေ့မှုရယူရန် တာစူနေကြကြောင်း သျှမ်းပြည်တပ်မ တော် ပြည်ထဲရေး ဌာနတာဝန်ခံ ၊ ငြိမ်း ချမ်း ရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးက ပြောသည်။

“ ကျနော်တို့ တောင်ကြီးမှာ တွေ့ဆုံဆွေးနွေး တုန်းက ဟိုမိန်းနဲ့ မုံးထားမှာ ကျနော်တို့ကို ဌာနချုပ် သတ်မှတ်ပေးတယ်။ ဒါပေမယ့် စစ်တပ်က လက်တွဲ ပူးပေါင်းမှု မရှိ တော့ အကောင်အ ထည်ဖော်ဖို့ နှောင့်နှေးခဲ့တယ်။ ဒါကြောင့် ဒီတခေါက် ကျိုင်းတုံ ဆွေးနွေးပွဲမှာတော့ အကောင်အ ထည်ဖော်ဖို့ ခက်တာကိုခဏထားပြီးတော့ - ကျနော်တို့ရောက်လေရာအရပ်မှာ လူထုနဲ့ နေမယ်။ ဆက်ပြီးလှုပ်ရှားသွားမယ်။ ကျနော် တို့မြို့ ပေါ်တက်ရင် အစိုးရဥပဒေအတိုင်းလိုက်နာမယ်။ မြန်မာစစ်တပ် တွေ ကားလမ်းပေါ်ကဆင်းရင် ကျနော် တို့ကို အကြောင်း ကြားရမယ်။ နိုင်ငံ ရေးပြသနာ မဖြေရှင်းပြီးသေးသရွေ့ မြန်မာ စစ်တပ်နဲ့ ကျနော်တို့ က ပိုနေမြဲ ကျားနေမြဲ နေသွားမယ်။ ပြဿနာ ဖြစ်လာရင် ဆက်ဆံရေး ရုံးမှာ ရှင်းကြမယ်။ ဒါကြောင့် နိုင်ငံရေး ပြဿနာ ရှင်းပြီးမှဘဲ စစ်ရေး အကြောင်း ဆက်လက် ဆွေးနွေး ကြမှာ ဖြစ်တယ် ” ဟု ဗိုလ်မှူး ချုပ် ပေါင်ခေးက သျှမ်း သံတော် ဆင့်အား အကျယ် တဝင့် ရှင်းပြ ခဲ့သည်။

လူထုနှင့်တွေ့ဆုံပါက လုပ်ဆောင်ရန် ကဏ္ဍ ၃ ခုခွဲထားကြောင်း လုပ်ငန်းစမည့်ရက်ကိုမူ မသတ်မှတ်ရသေးကြောင်း ပြောပါ သည်။

“ဘယ်တော့လုပ်ငန်းစမလဲ ဆိုတာတော့ ရက်စွဲအတိအကျ မသိရသေးဘူး။ ဒီလလယ်လောက်မှာ ထပ်ပြီးဆွေးနွေးကြမယ် ။အဲဒီအချိန် မှဆုံး ဖြတ်ချက်ချကြမယ်။ သျှမ်း ပြည်တွင်းက ၅၃ မြို့နယ်ကို ဆင်းဖို့ စီစဉ်ထားတယ်။ လူထုဆီရောက်ရင် လုပ်ဖို့ လုပ်ငန်း ကဏ္ဍ ၃ ခုခွဲ ထား တယ်” ဟု ဗိုလ်မှူးချုပ် ပေါင်ခေးက သျှမ်း သံတော်ဆင့်အား ပြောပြသည်။

ဒေသခံလူထုအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် တိုက်ဖျက်ရေးလုပ်ငန်းအစီအစဉ်၊ လူထုထံမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ် အမြင် သဘောထား၊ အရေး ၃ ပါးအပေါ် အမြင်သဘောထားရ ယူခြင်း အစီအစဉ်နှင့် အခက်အခဲများနှင့် ရင်ဆိုင်နေ ရသော လူထုအား ကူညီ ထောက်ပံ့ဖို့ NGO အဖွဲ့အစည်း များအား နေရာချပေးရန်စသည်တို့ဖြစ်ပြောင်း ဗိုလ်မှူးချုပ်ပေါင်ခေး ကပြောသည်။

ဦးစွာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ မြောက်ပိုင်းလားရှိုးမြို့နှင့် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ လူ ၃ စုခွဲ၍ သျှမ်းပြည် တပ်မတော် RCS S / SSA မှ လူအင်အားစေလွှတ်မည်ဖြစ်ကြောင်း၊ အခြေအနေ ကောင်းပါက နယ်များသို့ ဆက်လက်ကွင်း ဆင်း မည်ဖြစ်ကြောင်း၊ မြန်မာ အ စိုးရ မှလည်း သျှမ်းပြည် တပ်မ တော်အား ဥပဒေပြင်ပအဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေငြာလိုက်ပြီဖြစ်သဖြင့် ဒေသခံ လူထု လည်း မိမိ တို့နှင့် ဝင်ထွက် ရင်းနှီး နိုင်ပြီ ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ပေါင်ခေးက ဆက် လက် ပြောပြသည်။

မိမိနှင့်မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ကြောက်ရွံ့တုန်လှုပ်မနေဘဲ အခွင့်ကောင်းတခု အဖြစ်လက်ကိုင် ကာ မိမိတို့နှင့်လက် တွဲကြပါရန် လူထုငြိမ်းချမ်းမှ ပြည်ထောင်စု ငြိမ်းချမ်း မည်ဖြစ် သဖြင့် မိမိတို့နှင့်အတူငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပြု ပေးကြ ရန် လိုအပ်ကြောင်း ဗိုလ်မှူးချုပ်ပေါင်ခေးကပြောသည်။

No comments: