Friday, June 22, 2012

RCSS/SSA စစ်ဒေသ အမှတ် ၁ ဌာနချုပ်သို့ ချည်းကပ်လာ သည့် ၀ တပ်ဖွဲ့ ပြန် လည် ဆုတ်ခွာ

မွေခေါဝ်

သျှမ်းပြည်တပ်မတော် အမှတ် ၁ ကျိုင်းတုံစစ်ဒေသမှူးနှင့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တပ်မဟာ ၇၇၅ တပ်မဟာမှူးတို့ ဆွေး နွေးသဘောတူညီမှုရရှိပြီးနောက် RCSS/SSA စစ်ဒေသ အမှတ် ၁ (လွယ်ကော်ဝမ်း) ဌာနချုပ်သို့ ချဉ်းကပ်လာသည့် ၀ တပ်ဖွဲ့လည်း ယ မန့် နေ့ညက ပြန်လည်ဆုတ်ခွာ သွားပြီဖြစ်ကြောင်း သိရှိရပါသည်။

“ကျနော်တို့ သဘောတူညီချက်ရပြီးနောက်တနေ့ မနေ့ ည ၈ နာရီကနေ သန်းခေါင်းယံအတွင်း ၀ တပ်ဖွဲ့တွေ အားလုံးဆုတ်ခွာသွားပါပြီ” ဟု ဗိုလ်မှူးကြီး ကွဏ်းဇင့် က သျှမ်းသံတော်ဆင့်အား ပြောပါ သည်။

လွယ်ကော်ဝမ်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့်နှင့် ၀ ပြည်သွေးစည်းညီညွတ် ရေး တပ်မတော် တပ်မဟာ ၇၇၅ တပ် မဟာမှူး ယန်ကော်ကျုံးတို့ တမြန်နေ့ ဂျွန်လ ၁၉ ရက်က အချက် ၄ ချက်ပါ သဘောတူညီမှုရရှိပြီးနောက်ပိုင်း ၀ တပ်ဖွဲ့တို့ ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်လုံခြုံရေးအာဏာပိုင်များဘက်မှလည်း လွယ်ကော်ဝမ်းသို့ ချဉ်းကပ်လာသည့် ၀ စစ်ကား များ မိုင်းယွန်းသို့ ဂျွန်လ ၁၉ ရက်မှ စ၍ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြောဆို၏။

ယခုလ ၁၆ ရက် မိုင်းယွန်း အခြေစိုက် ၀ တပ်မဟာ ၅၁၈ မှ စစ်ကားအစီး ၅၀ (ကားတစီး အင်အား ၂၀-၃၀ ကြား)နှင့် ဟွေ့အော် အခြေ စိုက် တပ်မဟာ ၇၇၅ မှ စစ်ကား ၁၀ စီးတို့ လွယ်ကော်ဝမ်းဌာနချုပ် မြောက်ဘက် မီတာ ၂၀၀၀ အကွာ၌ ချဉ်းကပ်ရောက်ရှိလာသဖြင့် ၄ ရက်ကြာ နှစ်ဦးနှစ်ဘက် စစ်ရေး တင်းမာလာခဲ့ခြင်းဖြစ်သည်။

No comments: