Wednesday, June 6, 2012

ရမ်းဗြဲ၊ တောင်ကုတ်၊ စစ်တွေ ဖြစ်ရပ်နှင့် ပတ်သက်ပြီး RNDP ကျေညာချက် ထုတ် ပြန်

ကျေညာချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဗဟိုဌာနချုပ်၊ စစ်တွေမြို့

သဘောထားကြေငြာချက် အမှတ် (၁/၂၀၁၂)

နေ့စွဲ-၂၀၁၂-ခုနှစ်၊ ဇွန်လ (၄) ရက်


၁။ ၂၈. ၅. ၂၀၁၂ နေ့တွင် ဖြစ်ပျက် ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ အုပ်စု၌ ရခိုင် အမျိုးသမီးအား လူမဆန်စွာ မုဒိမ်းပြုကျင့် ရာဇ၀တ်မှုကျူးလွန် သတ်ဖြတ် ခံခဲ့ရမှု အပေါ်၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ အနေဖြင့် များစွာ စိတ် ထိခိုက် ၀မ်းနည်း ကြေကွဲ ရပါသည်။

၂။ ၃.၆. ၂၀၁၂ နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ အစ္စလာမ်ဘာသာဝင် ခရီးသွားပြည်သူ (၁၀)ဦးအား ရက်စက်စွာ သတ်ဖြတ်ကျူး လွန် ကြမှုအပေါ် တွင်လည်း ကျွန်ုပ်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအ နေဖြင့် လုံးဝလက်ခံ နိုင်ဖွယ်ရာ ဖြစ်ရပ် မဟုတ် ကြောင်း ရှုမြင် သုံးသပ် ပါသည်။

၃။ ရန်လိုမုန်းတီးခြင်း၊ ရက်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ အစွန်းရောက် လွန်းခြင်းများသည် ယဉ်ကျေးသော လူ့အ ဖွဲ့အစည်း အဆင့်ဆင့် အ နေဖြင့် ယနေ့ကာလတွင် ခါးခါးသီးသီး လက်ခံနိုင်စရာ မရှိသော အချက်များဖြစ်ပေသည်။

၅။ ရခိုင်လူ့အဖွဲ့ အစည်းအဆင့်ဆင့် အနေဖြင့် ဤသို့သော လူမဆန်မှုများကို ပစ်ပယ်၍ လူ့အဖွဲ့ အစည်းကြီး၏ အေးချမ်းသာယာမှု၊ လုံခြုံမှု၊ ချစ် ခင်မှု၊ နွေးထွေးမှု စသောအချက်များကို မြှင့်တင် ဆောင်ရွက် ခြင်းဖြင့် အေးချမ်း လုံခြုံသော လူ့ဘောင်လူ့အဖွဲ့အစည်းကို တည်ဆောက် ရပေ မည်။

၆။ သို့ဖြစ်ပါ၍ အခြားအခြားသော မလိုလားအပ်သည့် ပြဿနာ၊ ပဋိပက္ခများ ပေါ်ပေါက်ခြင်းများ ချုပ်ငြိမ်းရန်နှင့် အေးချမ်းလုံခြုံမှု ခိုင်မာစွာ ပေါ် ထွန်းနိုင်စေရန်၊ မည်သည့်ဖြစ်ပွားပေါ် ပေါက်သော ပြဿနာ အခက် အခဲများမဆို အား လူသားဆန်စွာနှင့် ဥပဒေနှင့် ညီညွတ်စွာသာလျှင် ရင်ဆိုင် ဖြေရှင်း ကြသင့် ပါကြောင်း လေးစား စွာတိုက် တွန်းအပ် ပါသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဗဟိုဌာနချုပ်၊ စစ်တွေမြို့


No comments: