Tuesday, June 12, 2012

ဘင်္ဂလား နယ်မြေထဲတွင် RSO ရိုဟင်ဂျာ နာမည်ခံ ဘာသာရေး အစွန်းရောက် စစ်သွေးကြွ တပ်စိတ် တစိတ်နှင့် ဘင်္ဂလား စစ်တပ်ရို့ ပစ်ခတ်မှု ဖြစ်ပွား

လေးဝတီ

မြန်မာ စံတော်ချိန် ည ( ၁၂:၄၅ ) မိနစ်အချိန်တွင် (RSO)ရိုဟင်ဂျာ အမည်ခံ ဘာသာရေး အစွန်း ရောက် စစ်သွေး ကြွအဖွဲ့ တပ်စိပ်တစိပ်သည် မြန်မာနယ်စပ် ဘင်္ဂလားပိုင်နက် စစ်တ ကောင်း တောင်တန်း ဒေသ အလယ်ခေါ် တောင်မြို့ နယ် နယ်နမိတ်ထဲသို့ ၀င်ရောက် လာရေ အ တွက် ဘင်္ဂလာစစ်တပ်နှင့် ထိပ်တိုက် တွေ့ဆုံ ပြီးနောက် တဖက်နှင့် တစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွား ကြကြောင်း သိရှိရသည်။

သေနတ်သံ အချက်(၂၀၀) လောက် တဖက်နှင့် တဖက်ပစ်သံကို ကြားလိုက်ပြီး နောက်ပိုင် ယင်း RSO ဘင်္ဂလီ အစွန်းရောက် အဖွဲ့တွေ တပ်စုကွဲ လားကြောင်း အလယ်ခေါ်တောင် စစ်တပ်နှင့် နီး စပ်သူ တစ်ယောက်ဖြစ်သော ရခိုင်မျိုးနွယ်စုဝင် မာရမာ အမျိုးသား တစ်ယောက်က လေးဝတီသို့ ဖုန်းဆက် အတည်ပြု ပြောကြားသည်။

အဆိုပါ ကုလား အဖွဲ့သည် (၁၁။၆။၂၀၁၂) နေ့ ညနေဖက်က ဘဂ်လားနယ်စပ် နတ်ကျောက်ဆိုရီ နယ်နိမိတ် အတွင်း လန်ချာကိုင်း အနား စခန်းချ နေရာက ဘူးသီးတောင် နယ်စပ်ကို ဖြတ်ကျော်လို့ ကျောက်တော်ဖက်သို့ ဝင်ရောက်ဖို့ ကြိုးစားသော်လည်း ကျောက်တော်ဖက်ကို မဝင်ရောက်နိုင်ကြဘဲ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိ ရသည်။

ညဉ့်အချိန် လမ်းမှားလို့ (ယင်းမဟုတ်) အလယ်ခေါ် တောင်မြို့  အနားက မာရမာရွာ တို့ကို ဖျက်ဆီးဖို့ လာခြင်းလား ဆိုသည်ကို တိတိ ကျကျ မခန်းမှန်း နိုင်ကြောင်း ထိုသူက သုံးသပ်ပြောဆိုပါသည်။

No comments: