Thursday, November 22, 2012

မလေးရှား လူမှောင်ခို သင်္ဘောသို့ လူတင်ပို့ရန်သွားသည့် စက်လှေနစ်၍ လူ ၁၀ ဦး ပျောက်ဆုံး


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ဝရှိ စိန်မာတင်ကျွန်းမှ ပင်လယ်ထဲတွင် ရပ်နားထား သော လူမှောင်ခို သင်္ဘောပေါ်သို့ လူတင်ပို့ရန် သွာ သည့်စက်လှေနစ်မြုပ်သွား သဖြင့် လူ ၁၀ နီးပါး ပျောက်ဆုံး နေသည်ဟု သိရသည်။

နိုဝင်္ဘာလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းက လူပေါင်း ၄၀ ကို စိန်မာတင်ကျွန်းမှ တင်ဆောင် လာသော အဆိုပါ စက်လှေသည် ကျွန်း အလွန်တွင် ရုတ်တရက် နစ် မြုပ်သွားရာ လူပေါင်း ၃၀ မှာ ရေကူး၍ ကမ်းသို့ ရောက်ရှိလာသော် လည်းနောက် ထပ် ၁၀ ဦးမှာ ပျောက်ဆုံး နေသည်ဟု ဆိုသည်။

ရှင်မဖြူကျွန်းမှ မြန်မာနိုင်ငံသား မွတ်ဆလင် တစ်ဦးကို မေးကြည့်ရာ သူက ယခု လို ပြောသည်။

“ ဒီကနေ့ နံနက် စောစောက စိန်မာတင်ကျွန်းက ပင်လယ်ထဲကို အသွားမှာ နစ်သွားတာ ဖြစ်ပါ တယ်။လူပေါင်း ၄၀ မှာ ၁၀ ဦးပျောက်ဆုံးနေ ပါတယ်။ ပင်လယ်ထဲမှာ ရပ်ထားတဲ့ သင်္ဘော ပေါ်ကို လူတွေ သွားတင်တာမှာ နစ်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လူမှောင်ခို သင်္ဘောမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့မှ မလေးရှားသွားလိုသူများကို အခကြေးငွေ ယူဆောင်ပြီး ပို့ဆောင်ပေးနေ သည် ဟု သိရသည်။

“ ပျောက်ဆုံးနေသူတွေထဲမှာ ဘင်္ဂလာဒေခ်ျ့က လူတွေလည်း ပါတယ်။ မြန်မာနိုင်ငံသားတွေလည်း ပါတယ်။ လူပေါင်းစုံ ပါဝင်ပါတယ်။ သ င်္ဘောပေါ်မှာ လူပေါင်း ၇၀၀ ခန့်ပါတယ်လို့ ကြားပါတယ်။ ဒီကနေ ထိုင်းကို သွားမယ်။ ထိုင်းက နေ မလေးကို ဆက်ပို့မယ်လို့ သိရ ပါတယ်” ဟု သူက ဆက်ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရုပ်သံ ဌာန တစ်ခုမှ ထုတ်လွှင့်သောသတင်းတစ်ခုတွင်ဘင်္ဂလာဒေခ်ျ့မှမလေးသို့သွားနေသည့်လူမှောင်ခိုလမ်း ကြောင်း ကို မြေပုံများနှင့် တကွ ဖေါ်ပြရာတွင် ဘင်္ဂလာဒေခ်ျ့မှ တဆင့် ရန်ကုန်သို့ သင်္ဘောဖြင့် ပို့ဆောင်ပြီး ရန်ကုန်မှ တဆင့် ထိုင်းနှင့် မလေးရှားသို့ ပို့ဆောင်သည်ဟု ဖေါ်ပြသည်။ လူတစ်ဦး အနေဖြင့် ခရီးစရိတ်ငွေ တာကာငွေ ၂၀၀၀၀ မှ (၁) သိန်းထိ လူမှောင်ခိုသမား များကို ပေးရ ကြောင်း သိရသည်။

ထိုသို့ လူမှောင်ခို တင်ပို့ရာ အထဲတွင် ပါဝင်သူများမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသား အများစု ဖြစ်ပြီး ၆၀ နှင့် ၆၅ ရာခိုင်နုန်း အကြားပါဝင် သည်ဟု ဘင်္ဂလာဒေခ်ျ့မှ သတင်းဌာနကြီး တစ်ခု ဖြစ်သော UNB ယနေ့တွင် ဖေါ်ပြသည်။

No comments: