Friday, November 23, 2012

မင်းပြား သရက်အုပ် မွတ်ဆလင် ကျေးရွာ ပြန်လည် နေရာချ

နိရဉ္စရာ

အောက်တိုဘာလ အတွင်းက ဖြစ်ပေါ်ခဲ့သောအပြန်အလှန် တိုက်ခိုက်မူ အတွင်း ရွာ လုံးကျွတ် မီးရှို့ခံခဲ့ရသော သရက်အုပ် မွတ်ဆလင် ကျေးရွာမှ ကျေးရွာသားများကို အဆိုပါ ကျေးရွာတွင်ပင် ယခုအခါ ပြန်လည် နေရာချထား ပေးနေပြီဖြစ်ကြောင်းသ တင်း ရရှိသည်။

“ သူတို့ အစီအစဉ်နဲ့ လာနေတာတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာကစီစဉ်ပေးတဲ့အ စီအစဉ်နဲ့ လာ နေကြတာ ထင်ပါတယ်” ဟု ပန်းမြောင်းဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ယခု ရောက်ရှိလာကြသည့် မိသားစုမှ လေးငါးဆယ်ခန့်ရှိသည်ဟု သူက ပြောသည်။

“ သူတို့က ပထမတော့ ရွာမှာ တဲတွေ လာထိုးတယ်။ ညကျရင် နာဂါရာ ကျေးရွာကို ပြန်တယ်။ အခုတော့ မပြန်တော့ဘဲ ရွာမှာ နေနေ ကြပြီ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

သရက်အုပ် ကျေးရွာတွင် အိမ်ခြေပေါင်း ၁၆၀ ခန့်ရှိပြီး မီးရှို့ တိုက်ခိုက်မူ ဖြစ်ပွားပြီးနောက် နာဂါရာ ကျေးရွာသို့ အားလုံး ထွက်ပြေး ခို လုံခဲ့ ကြသည်။

သူတို့အား နိုင်ငံတကာ အန်ဂျီအိုများနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ဆန်ဆီဆား ဆေးဝါးများ ထောက်ပံ့ပေးထားသည်ဟု ဆိုသည်။

ယခုအခါ ပန်းမြောင်းဒေသ အနီးတ၀ိုက်တွင်အခြေအနေမှာတည်ငြိမ်နေပြီးပုံမှန်အခြေအနေသို့ပြန်ရောက်နေပြီဟုဒေသခံများကဆို သည်။

သို့သော်လည်း စစ်တပ်ကို ရခိုင်ကျေးရွာများနှင့် မွတ်ဆလင် ကျေးရွာများ အကြားတွင် ဆက်လက် ချထားရတုန်း ဖြစ်ကြောင်း သိရ သည်။

No comments: