Thursday, November 22, 2012

မူးယစ်ရာဇာ ယီ့ဆေး၊ နော်ခမ်းတို့နှင့် ဆက်စပ်သည့်နေရာမှ ပိုင်ဆိုင်မှု သိမ်းဆည်း

ဒီဗွီဘီ

ထိုင်းအစိုးရက ဆုငွေထုတ်ထားတဲ့ မြန်မာနိုင်ငံသား မူးယစ်ရာဇာ ယီ့ဆေး၊ နော်ခမ်း တို့နဲ့ ဆက်စပ်တဲ့ နေရာပေါင်း ၅၀ က ဘတ်ငွေ သန်းပေါင်း ၅၀၀ ကျော်နဲ့ ညီမျှတဲ့ ပိုင်ဆိုင်မှုတွေကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ၀င်ရောက် သိမ်း ဆည်းခဲ့ တယ် လို့ ထိုင်းမူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးအဖွဲ့က သ တင်းထုတ်ပြန်လိုက်ပါတယ်။

ထိုင်းမူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးအဖွဲ့က ရဲမှူးကြီး ဖုန်းဆဖတ်ဖုန် ကျရိန်း ဦးဆောင်တဲ့ အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်ပေါင်း ၇၅၀ ဟာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၆ နာရီကစပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မယ် ဆိုင်၊ မယ့်ကျန်းနဲ့ မယ့်ဖာ့လုန် စတဲ့ မြို့နယ် ၃ ခုက နေရာပေါင်း ၅၀ မှာလူစု ခွဲပြီး မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးရေး၊ သတင်းရထားတဲ့ အိမ် တွေဝင် ရောက်စီးနင်းရေးတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ၀င်ရောက်စီးနင်းမှုထဲမှာ ပိုင်ဆိုင်မှု ပဏာမအများဆုံး သိမ်းမိခဲ့ရတာကတော့ မယ်ဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းရပ်ကွက်ထဲက ထိုင်းနိုင် ငံ သား နိုင်းကျမ်ရတ့် (လုန်းနုတ်) အသက် ၆၀ နှစ် ရဲ့နေအိမ်ဖြစ်ပြီး ၁ ဧကကျယ် ခြံဝင်းထဲက နေအိမ် ၄ လုံး၊ မော်တော်ကား ၃ စီးနဲ့ မီး ခံသေ တတ္တာ ၂ လုံး စုစုပေါင်း ကာလတန်ဖိုး ဘတ် သန်းပေါင်း ၂၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ရှင်ဖြစ်သူ ထွက်ပြေးပုန်းရှောင်နေကြောင်း၊ ဒီအိမ်ဟာ နော်ခမ်းနဲ့ ပတ်သက်နေတယ်ဆိုတာကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က အချိန် ၁ နှစ် ကျော်ကြာ စောင့်ကြည့်လေ့လာပြီးမှ ၀င်ရောက်စီးနင်းရတာလို့ ဆိုပါတယ်။

ခုတခေါက် မူးယစ်ဆေးဝါးစစ်ဆင်ရေးမှာ မြို့နယ်ပေါင်း ၃ ခု၊ နေရာပေါင်း ၅၀ ကနေ မြင်းဆေး ခေါ် ယာဘ စုစုပေါင်း ၈ သိန်း ၈ သောင်း၊ ကား ၃ စီး နဲ့ အခြားပိုင်ဆိုင်မှုတွေပါ စုစုပေါင်း ဘတ်ငွေ သန်း ၅၀၀ ကျော် သိမ်းဆည်းရမိခဲ့ ကြောင်း၊ အများစုဟာ လားဟူ ပြည်သူ့စစ်ခေါင်း ဆောင် ယီ့ဆေး၊ တာချီလိတ်ပြည်သူ့စစ်ခေါင်းဆောင် နော်ခမ်းတို့နဲ့ ဆက်စပ်နေတဲ့ သူ တွေဖြစ်ကြောင်း ရဲမှူးကြီးဖုန်းဆဖတ်က မယ်ဆိုင်ရဲ စခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အလိုရှိတယ်လို့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဆုငွေထုတ်ပြီး အမည်စာရင်း ကြေညာခဲ့တာမှာ မြန် မာ နိုင်ငံသား ၃ ဦးပါဝင်ပြီး လားဟူပြည်သူ့ စစ်ခေါင်းဆောင် ယီ့ဆေးနဲ့ ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်ကို ဘတ် ၁ သန်းစီ၊ တာချီလိတ် ပြည်သူ့စစ်ခေါင်းဆောင် နော်ခမ်းကို ဘတ် ၂ သန်းစီ ဆုငွေထုတ်ခဲ့ပါတယ်။

No comments: