Friday, November 23, 2012

ချင်းပြည်နယ် နယ်စပ်အခြေစိုက် အစိုးရစစ်တပ်တွေ အကျင့်ပျက်ပြား

khonumthung

ချင်းပြည်နယ် မတူပီမြို့နယ် အန္ဒိယ – မြန်မာနယ် စဘောင်းသဲတပ်စခန်းတွင် လက်ရှိတာဝန် ကျနေသည့် ခလရ ၁၄၀ ၊ စစ် တပ်တွေက တိ ရိစ္ဆာန်ကုန်သည် များအား ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ငွေကောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရ သည်။

နိုဝင်ဘာ ၁၃ ရက်နေ့က စဘောင်းသဲတပ်စခန်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ထိုက် နှင့် အင်အား ၆ ဦးတို့သည် စဘောင်း သဲ- စဘောင်း ပီရွာအကြားတွင် ကျွဲ ၇ ကောင်ကို ဖမ်းဆီးသည့် အပြင် ကျွဲပိုင်ရှင်များ၏ နိုင်ငံသား မှတ်ပုံတင်များကို သိမ်းဆည်းပြီးငွေ ဖြင့်ရွေး ယူစေခဲ့ခြင်းဖြစ်သည်။

“ ကျွဲ ၇ ကောင်အတွက် အိန္ဒိယလုပ် ရူပီး နှစ်သောင်းတန် solar တလုံး၊ ရူပီး ၅ ထောင်တန် Mobile Handset တလုံးနဲ့ ရွေးယူဖို့ဖြစ် တယ်၊ အဲဒါကို စဘောင်းသဲ ရွာ အုပ်ချုပ်ရေးမှူးက အာမခံပေးတယ်” ဟု ကျွဲပိုင်ရှင် က ပြောသည်။

ထို့အပြင် အဆိုပါ အစိုးရစစ်တပ်သည် တခြားတိရိစ္စာန်ပိုင်ရှင်များထံမှ နွားနောက် ၁၀ ကောင်ကို ပြန်လည်ဖမ်းဆီးပြီး ငွေ ဖြင့် ရွေးယူရန် ပြန် လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ကျွဲပိုင်ရှင်တို့သည် solar ပြားနဲ့ mobile ၀ယ်ယူပါက အမြတ်တပြားတချပ်တောင် ထွက်မှာ မဟုတ်တော့ကြောင်း၊ ၄င်းတို့ခြံပေါက်တိ ရိစ္ဆာန် တွေကို မီဇိုရမ်ပြည်နယ်သို့ရောင်းပြီး ဆန်ဝယ်ယူ ရန်ဖြစ်ကြောင်း ဆက်ဆိုသည်။

“နောက်ထပ် ဖမ်းတဲ့ နွားနောက်တွေကိုတော့ ဘယ်လုပ်ဆက်ဖြစ်သလဲ မသိဘူး၊ ခင်ဗျားတို့ မရာ(ချင်း)တွေလူလည်လုပ်တယ်ဆိုပြီးပါးရိုက် သေး တယ်” ဟု ဆက်ပြောသည်။

ယခုနှစ်အတွင်း မတူပီမြို့နယ် မရာဒေသရှိ ချင်းပြည်သူများသည် တနှစ်စာအတွက် တောင်ယာစပါး မထွက်ကြောင်း သိရသည်။

ဗိုလ်မှူးသန်းဇော်ထိုက်နှင့် အဖွဲ့သည် ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်အတွင်း ကထစ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး လိုင် လင်းပီ ရွာသို့ ရ ဟတ် ယာဉ်ဖြင့် ရောက်ရှိလာချိန် လုံခြုံရေးအတွက် တာဝန် ကျစဉ် ယခုကဲ့သို့ တိရိစ္စာန်များအား ဖမ်းဆီး လိုက် ခြင်း ဖြစ်သည်။

“အစိုးရစစ်တပ်တချို့ဟာ ပြည်သူရှေ့မှောက်မှာတော့ လူမှုဆက်ဆံရေးကောင်းသယောင်ယောင်နဲ့ ကွယ်ရာမှာတော့ မဟုတ် ပြန် ဘူး” ဟု ဒေသခံ တဦးက ပြောသည်။

No comments: