Friday, November 23, 2012

မတူပီမြိ့နယ် လျှပ်စစ်မှူး ငွေအလွဲသုံးစားမှု အတိုင်ခံရ

khonumthung

ချင်းပြည်နယ် မတူပီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထောင်မွန်းမာန် သည် မတူပီမြို့အနီး နမ် လောင် ရေအားလျှပ် စစ်စက်ရုံမှ လျှပ်စစ် ဓါတ်အားခ ကို ဒေသခံများထံ တလ ၄ ထောင် နှင့် ငါးထောင်အကြားကောက်ခံပြီး အလွဲသုံးစား လုပ်နေမှုအပေါ် ဒေသခံတွေက နေပြည် တော် လျှပ်စစ်စွမ်းအား ၀န်ကြီးထံ ယခုလ အတွင်း တိုင်ကြားလိုက်ကြသည် ဟု သိရ သည်။

လျှပ်စစ်မှူးသည် တအိမ်ထောင်လျှင်တလကျပ်ငွေ ၄၀၀၀ – ၅၀၀၀အကြားကောက်ခံသော် လည်း သက်ဆိုင်ရာသို့ တလ ကျပ်ငွေ ၅၂၀၀ သာပေးသွင်းပြီး ကျန်ငွေအားလုံးကို မိမိအိတ်ထဲထည့် လိုက်ခြင်းဖြစ် သည်ဟု သိရ သည်။

အစိုးရက မတူပီမြို့နယ်အတွက် တလလျှင် ဒီဇယ် ဂါလံ ၂၀၀ – ၃၅၀ ချပေးသော်လည်း မတူပီသို့ မရောက်ခင် ပခုက္ကူ မြို့ ပုဂ္ဂလိက ဒီဇယ်ဆိုင်သို့ ခိုးရောင်းလေ့ရှိသည်ဟု တိုင်ကြားခဲ့ကြသည်။

“ ဒီဇယ်ထုတ်ယူတဲ့ ငွေရပြေစာသာ ရုံးကို ရောက်တယ်၊ ပြီးတော့ စက်မောင်း စာရင်းကို လိမ်လည် ပြီးစက်သုံး စာရင်းတင် တယ်” ဟု ဒေသခံတဦးက ဆိုသည်။

အစိုးရမှ ချပေးသည် မီတာဘောက်တလုံးကို ဒေသခံများထံ ကျပ်ငွေ တစ်သိန်းငါးသောင်း နဲ့ရောင်းကြောင်း၊ ဒီဇယ်ဆီအတွက်စက်အ မောင်း ပြပြီး တလ ကျပ်ငွေ ၇၅၀၀၀၀ မှ ကျပ်ငွေ ၁၀၀၀၀၀ ကို တဦးတည်း အလွဲသုံး စားလုပ် နေကြောင်း တိုင်စာတွင် ပါရှိပြီး ယင်းကိစ္စ နှင့် ပါတ် သက်လို့ အထက်မှ အရေးယူမှု ပြုမပြုကို မူ မသိရပေ။

ဦးထောင်မွန်းမာန်သည် မတူပီမြို့သို့ ယခုနှစ် ဖေဖေါ်ဝါရီလမှစပြီး တာဝန်ကျလာသူဖြစ်သည်။

လျှပ်စစ်မှူးသည် သူ့ကို အကာအကွယ်ပေးမည့် အစိုးရ အရာရှိ အသိတွေ ရှိကြောင်း ခင်ဗျားတို့ကို လုံးဝဂရုမစိုက်ကြောင်း လက် အောက်ဝန် ထမ်းတွေကို ဆဲဆိုလေ့ရှိသည်ဟု ပါရှိသည်။

No comments: