Thursday, November 22, 2012

ခေတ်နှင့်မလျော်ညီသည့် ဥပဒေများပြင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တိုက် တွန်း

အေး​နိုင်

ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပြီး ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေ တွေကို ပြဋ္ဌာန်းသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက ပြည်သူ့ လွှတ် တော်ကို တင်ပြလိုက်ပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးရဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ တင်သွင်းမယ့် တရားဥပဒေစိုး မိုးရေးနှင့်တည် ငြိမ်အေးချမ်းရေး ကော်မတီရဲ့ ကြားဖြတ်အစီရင်ခံစာမှာ သုံးသပ်တင်ပြထား တာဖြစ်ပြီး တရားရေးဝန်ထမ်းတွေ၊ ဌာန ဆိုင် ရာ တွေအပြင် ပြည်သူလူထုက ပြုပြင်ဆောင်ရွက်သင့်တဲ့ အချက်အလက်တွေကို စုံစုံလင်လင် တင်ပြထားပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ စက်တင်ဘာ ၈ ရက်နေ့ကကျင်းပတဲ့ တရားဥပေဒစိုးမိုးရေး ကော်မတီနဲ့ ဥပဒေပညာရှင်များ တွေ့ ဆုံဆွေးနွေးပွဲမှာ ဥပဒေပညာရှင်တွေက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေး ချမ်းဖို့အတွက် ပ ညာပေးရေး၊ ဥပဒေတွေကို ဒီမိုကရေစီစ နစ်နဲ့အညီ ပြင်ဆင်ရေး၊ ဖြည့်စွက်ရေး၊ ပြဋ္ဌာန်းရေးနဲ့ ဥပဒေ လေးစားလိုက်နာတဲ့ နိုင်ငံကြီးသား များ ဖြစ်လာစေဖို့ လေ့ကျင့်သင်ကြားပေး ရေး အစရှိသဖြင့် အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီနောက် ကွင်းဆင်းလေ့လာမှုတွေ လုပ်ဆောင်ရာမှာ တရားရုံးတွေက ကြိုတင်ပြင်ဆင်ထားတာတွေ ကိုတွေ့ရတဲ့အတွက်ရှောင်တခင်စစ် ဆေး သင့်တယ်လို့ တင်ပြထားပါတယ်။

ကော်မတီရဲ့ တွေ့ရှိချက် ၁၉ ချက်ထဲမှာ ရှေ့နေ၊ ဥပဒေ၀န်ထမ်း၊ တရားသူကြီး၊ အမှုသည်၊ သက်သေတွေဟာ တရားဥပဒေ စိုးမိုးရေးဆွေး နွေး တဲ့အခါ အကြောက်တရားကြီးပြီး ပွင့်ပွင့်လင်းလင်း မပြောရဲသေးဘူးလို့ ပါရှိပါတယ်။

စွပ်စွဲခံရသူကို ညှဉ်းပန်းနှိပ်စက်ပြီး ရတဲ့ထွက်ချက်နဲ့ တိုက်ချက်ဖွင့်တာတွေ၊ တရားသူကြီးတွေ အုပ် ချုပ်ရေး ပိုင်းကို ကြောက်နေရတာတွေရှိ သလို အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးမှာ ဩဇာလွှမ်းမိုးမှုရှိနေတာနဲ့ လွတ်လပ်စွာ တရားစီ ရင်ရေးလုပ်ပိုင်ခွင့်ကိုသက်ဆိုင်ရာအာဏာပိုင် တွေက ၀င်ရောက်စွက်ဖက်မှုကင်းဖို့ အထူးလိုအပ်တာ စတာတွေကို တွေ့ခဲ့ရတယ်လို့ ဆို ပါတယ်။

ဒီကြားဖြတ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဒီနေ့ ကြိုတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

No comments: