Monday, December 30, 2013

လွတ်လပ်ရေးနေ့တွင် ၈၈ နှင့် လူမှုအဖွဲ့အစည်း ၆၀ ဆန္ဒပြမည့်အစီအစဉ် တစ်ရက်နောက်ဆုတ်

ဟိန်းကိုစိုး

လာမည့်ဇန်န၀ါရီလ ၄ ရက်တွင် ပုဒ်မ ၁၈ အပါအ၀င် မတရားဖိနှိပ်သည့်ဥပဒေများကို ၈၈ မျိုးဆက်(ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အပါအ၀င် လူမှုအဖွဲ့အစည်းပေါင်း ၆၀ က ဆန္ဒပြမည့်အစီအစဉ်ကို တစ်ရက်(ဇန်န၀ါရီ ၅ရက်) ရွှေ့ဆိုင်းလိုက်သည်ဟု အဆိုပါအဖွဲ့မှ ဦးမာကီးက အတည်ပြုပြောသည်။

“ကျွန်တော်တို့ ဇန်န၀ါရီငါးရက်မှာ ဆန္ဒပြဖို့ ကျောက်တံတားရဲစခန်းကို ထပ်တင်ထားပါတယ်။ ဇန်န၀ါရီ ၁ ရက်မှာ ခွင့်ပြုချက် ရ၊ မရ သိရပါမယ်”ဟု ပြောသည်။

၎င်းတို့ တင်ပြထားသည့် ဇန်န၀ါရီလ ၄ ရက်သည် လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးတွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြမည်ဖြစ်သည့်အတွက် လုံခြုံရေးပေးနိုင်မှု အခက်အခဲအရ ကျောက်တံတား ရဲစခန်းမှ ဇန်န၀ါရီလ ၃ ရက် သို့မဟုတ် ၅ ရက်သို့ ရွှေ့ပြောင်းပေးရန် တောင်းဆိုမှုကို လက်ခံခဲ့ခြင်းဖြစ် သည်ဟု ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံဘေးတွင် ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့ အစည်းပေါင်း ၆၀ ခန့် ပူးပေါင်းပါဝင်မည်ဖြစ်ကာ ခွင့်ပြုချက်တွင် ခန့်မှန်းအင်အား ၃၀၀ နှင့် မွန်းလွဲသုံးနာ ရီမှ ငါးနာရီထိ ဆန္ဒဖော်ထုတ်သွားရန် ကျောက်တံတားမြို့နယ် ရဲစခန်းသို့ ခွင့်ပြုချက်တင်ထားခြင်း ဖြစ် သည်။

၈၈ မျိုးဆက် ကျောင်းသားအနေဖြင့် ၂၀၀၇ ခုနှစ်၊ သြဂုတ်လက လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် လမ်းလျှောက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည့်အတွက် ကျောင်းသားခေါင်းဆောင် ဦး မင်းကိုနိုင်အပါအ၀င် ၃၄ ဦးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမတိုင်မီ ဖမ်းဆီးခံ ခဲ့ရသည်။

No comments: