Saturday, December 28, 2013

ဒေါ်အောင်ဆန်းစုကြည် ဒဏ်ရာသက်သာ ချင်းပြည်ခရီးစဉ် မူလစီစဉ်သည့်အတိုင်း သွားမည်

ရွှေရည်ဝင်းထက်

ခြေထောက်နှစ်ဖက်စလုံး အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၁၀ ရက်အကြာတွင် ချုပ်ရိုးဖြည်မှုပြုလုပ်ပြီး နောက် ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်လည်သက်သာလာပြီဖြစ်၍ ဇန်န၀ါရီလဆန်းပိုင်းအတွင်း သွားရောက် ရန် စီစဉ်ထားသည့် ချင်းပြည်နယ်ခရီးစဉ်ကို သွားရောက်နိုင်ပြီဖြစ်သည်ဟု သူ၏ မိသားစုဆရာဝန် ဒေါက် တာတင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်း ပြည်နယ်သို့သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မူလစီစဉ်ထားမှုအရ ဇန်န၀ါရီ ၆ ရက်တွင် ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်သည်။ ကလေးမြို့တွင် ကလေး၊ ကလေးဝ၊ မင်းကင်းမြို့ နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံမှုပြုလုပ်ရန်လည်း စီစဉ်ထားပြီး ယင်းမှတစ်ဆင့် ချင်းပြည် နယ်သို့ သွားရောက်မည်ဖြစ်သည်။

ချင်းပြည်နယ်သို့ ဇန်န၀ါရီ ၇ ရက်မှ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်များတွင် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။ ကလေးမြို့သို့ ဒီဇင်ဘာ ၁၀ ရက် နံ နက်ပိုင်း ပြန်လည်ရောက်ရှိချိန်တွင် လူထုဟောပြောပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရန်ကုန်သို့ လေ ကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

No comments: