Tuesday, December 31, 2013

နာရေးကူညီမှုအသင်း၏ ပရဟိတလုပ်ငန်းများအသုံးစရိတ် တစ်လကျပ်သိန်း ၁၀၀၀ ခန့်ရှိ

ယုဝေ

နာရေးကူညီမှုအသင်း(ရန်ကုန်) လက်အောက်ရှိ ပရဟိတလုပ်ငန်းများ၏ အသုံးစရိတ်သည် တစ်လလျှင် ကျပ်သိန်း ၈၀၀ မှ သိန်း ၁၀၀၀ အတွင်းရှိသည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်က မဇ္ဈိမကို ပြောသည်။

“အသင်းအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို အလှုရှင်တွေဆီကပဲ ရတာပါ။ တစ်လတစ်လ လှူကြတဲ့ငွေ တွေကလည်း သိန်းတစ်ထောင်လောက်ရှိတယ်ဆိုတော့ အခုထိ ရန်ပုံငွေက လုံလောက်နေဆဲပါပဲ”ဟု ပြောသည်။

ပရဟိတလုပ်ငန်းများအတွက် တစ်လလျှင် သုံးရသည့်စရိတ်များတွင် သုခကုသိုလ်ဖြစ်ဆေးခန်းအတွက် သိန်း ၅၀၀ ကျော်၊ အသိပညာမြှင့်တင်ရေးသင်တန်းများ (ဘကဘုန်းကြီးကျောင်းရှိ ဆရာများအား အသိ ပညာမြှင့်တင်ခြင်း၊ သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ နယ်တွင် ပရဟိတလုပ်ကိုင်နေသည့်သူ များအတွက် စွမ်းရည်မြင့်သင်တန်းများ၊ သုခပရဟိတပညာရေး) အတွက် သိန်း ၃၀ မှ ၅၀ ကြား၊ နာရေး ကူညီမှုအတွက် လိုအပ်သည့် အထွေထွေအသုံးစရိတ်အတွက် ကျပ်သိန်း ၁၀၀ ကျော်၊ အထွေထွေ ပရ ဟိတအလှူများအတွက် သိန်း ၁၀၀ ကျော် ရှိသည်။

အသင်း၏ တစ်လတာ အသုံးစရိတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လ စဉ်ပေးပို့ပြီး ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တာ အသုံးစရိတ်စာရင်းများကိုလည်း လာမည့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလ တတိယပတ်တွင် အသင်းဝက်ဘ်ဆိုဒ်နှင့် ကြေညာဘုတ်များမှတစ်ဆင့် ဖော်ပြပေးမည်ဖြစ်သည် ဟုလည်း ဒေါ်ဧရာမောင်မောင်က ပြောသည်။

လာမည့် ဇန်န၀ါရီ ၁ ရက်တွင် ကျရောက်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၁၃ နှစ်မြောက် နှစ် ပတ်လည်နေ့တွင် အထိမ်းအမှတ်ပွဲအဖြစ် တရားပွဲများ သုံးရက်တိုင်ကျင်းပမည်ဖြစ်သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)ကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။

No comments: