Saturday, December 28, 2013

မော်လမြိုင် သံလွင်မြစ်အတွင်း အပျော်စီးသင်္ဘောဆွဲရန် တင်ဒါပြိုင်

သီဟကိုကို

သံလွင်မြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘော ပြေးဆွဲသည့်လုပ်ငန်းဆောင်ရွက်ရန် အတွက် ခေါ်ယူသည့် တင်ဒါအား ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးက ၀င်ရောက်ယှဉ်ပြိုင်ထားကြောင်း မွန် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ အမည်မဖော်လိုသူတာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောကြားသည်။

မော်လမြိုင်မြို့ရှိ သံလွင်မြစ်ဆိပ်ကမ်းအားအခြေပြုကာ မြစ်ကြောင်းအတွင်း အပျော်စီးသင်္ဘောပြေးဆွဲရန် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း တင်ဒါခေါ်ယူခဲ့ခြင်းဖြစ် သည်။

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ အထက်ပါတာဝန်ရှိသူက “သင်္ဘောလုပ်ငန်း လုပ်ကိုင်ခွင့်ပြုဖို့ကို ပြည်နယ်အစိုးရကို တင်ပြသွားမှာဖြစ်တယ်။ အစိုးရအဖွဲ့ကနေပဲ တင်ဒါတွေကိုအဆင့်ဆင့် စိစစ်ရွေး ချယ်သွားမှာပါ”ဟု ပြောကြားသည်။

အပျော်စီးသင်္ဘောပြေးဆွဲရေးအတွက် တင်ဒါဝင်ပြိုင်ထားသည့် လုပ်ငန်းရှင်နှစ်ဦးတွင် တစ်ဦးက မော်လ မြိုင်မြို့ရာမညဆိပ်ခံတံတားအားအခြေပြုကာ ပြေးဆွဲရန်တင်ပြထားပြီး အခြားတစ်ဦးက မော်လမြိုင် မြို့မဆိပ်ခံတံတားအားအခြေပြုကာ ပြေးဆွဲရန် တင်ပြထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာအဖွဲ့ က ပြောကြားသည်။

တင်ဒါဝင်ပြိုင်ထားသည့် လုပ်ငန်းရှင် နှစ်ဦးအနက် တစ်ဦးဖြစ်သူ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးလှရှိန်က “ကျွန်တော်တို့က မြို့မတံတားကို ပြင်ဆင်ပြီးလုပ်ကိုင်ဖို့ တင် ပြထားတယ်၊ သင်္ဘောပြေးဆွဲမယ့် တင်ဒါကို ထိုင်းမှာပြေးဆွဲနေတဲ့ သင်္ဘောကို ငှားရမ်းအသုံးပြုပြီး ပြေး ဆွဲသွားမယ်လို့ တင်ပြထားတယ်။ တစ်ဖက်လုပ်ငန်းရှင်က သင်္ဘောတည်ဆောက်ပြီးပြေးမယ်လို့ တင် ပြထားကြပါတယ်” ဟု မဇ္ဈိမသို့ ပြောကြားသည်။

တင်ဒါယှဉ်ပြိုင်ရာတွင် လုပ်ငန်းစီမံချက်၊ ကုန်ကျစရိတ်ခန့်မှန်းချက်၊ လုပ်ငန်းစဉ်အချိန် စသည်တို့ကို တင်ပြရပြီး တင်ဒါအောင်သည့်လုပ်ငန်းရှင်အနေဖြင့် မွန်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့ထံသို့ အာမခံ အဖြစ် ကျပ်ငွေသိန်းတစ်ထောင်ပေးသွင်းရမည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်က မော်လမြိုင် အခြေစိုက်ကာ သံလွင် မြစ်အတွင်း အပျော်စီးသဘာင်္လုပ်ငန်းပြေးဆွဲမည်ဆိုပါက ပထမဆုံးအကြိမ်ဖြစ်လာမည်ဖြစ်ပြီး ဒေသခံ များအတွက်သာမက နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း မဇ္ဈိမသို့ ပြီးခဲ့သည့်လက ပြောသည်။

No comments: