Tuesday, December 31, 2013

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရေး တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ကူညီကြရန် ၀န်ကြီးဦးခင်ရီ ကမ်းလှမ်း

ဖနိဒါ

လာမည့် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ရေးသည် အမျိုးသားရေးလုပ် ငန်းစဉ်ဖြစ်၍ အားလုံးပါဝင်ကူညီကြရန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများကို ရှင်းလင်း ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၃၀ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn ဟိုတယ်တွင် ၀န်ကြီးဦးခင်ရီက သန်းခေါင်စာ ရင်းကောက်ခံရေး လုပ်ငန်းစဉ်များကို တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များ၊ လူထုအခြေပြုအ ဖွဲ့ကိုယ်စားလှယ်များ ၃၀ ကျော် တက်ရောက်ခဲ့သော ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ် သည်။

“၂၀၁၄ ခုနှစ်၊ သန်ခေါင်းစာရင်းကောက်ခံခြင်းဟာ အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်တယ်။ အဲတော့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးခြားဆောင်ရွက်ပေးတဲ့ နိုင်ငံတော်ကနေ ဆောင်ရွက်ပေးတဲ့ ကိစ္စဖြစ်တယ်။ တ ကယ်အကျိုးခံစားရမှာက အကောက်ခံရတဲ့လူတွေက ခံစားရမှာပါ။ ကောက်ခံတဲ့လူတွေ မှန်မှန်ကန်ကန် ဖြေပေးရင် အကျိုးခံစားရမှာဖြစ်တဲ့အတွက်ကြောင့် ဒါကို တစ်နိုင်ငံလုံးက နားလည်ပြီးတော့ ၀ိုင်းဝန်း ကူ ညီပေးဖို့ လိုပါတယ်”ဟု ၀န်ကြီးဦးခင်ရီက မဇိ္ဈမကို ပြောသည်။

အဓိကရည်ရွယ်ချက်သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး အဓိက အခက်အ ခဲသည် သန်းခေါင်းစာရင်းကောက်ရေး သဘောတရားကို နားမလည်ခြင်းသာ အခက်အခဲ ဖြစ်နေသည် ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ရန် လာမည့်နှစ် မေလ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့ထိ ၁၂ ရက်ကြာ ပညာရေးဝန်ကြီးဌာနမှ မူလတန်းပြဆရာ၊ ဆရာမများနှင့် အရန် ကျန်းမာရေးဝန်ကြီးဌာနမှ ၀န် ထမ်းများအပါအ၀င် စုစုပေါင်း ၈၂,၀၀၀ ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ နိုင်ငံရေးအရ အခွင့်အရေး ဆုံးရှုံးသွားနိုင်မလား၊ တိုင်း ရင်းသားလူဦးရေ လျော့နည်းသွားလျှင် ရွေးကောက်ပွဲအတွက် လူဦးရေလျော့နည်းသွားမလားဟူသည့် အချက်များကို တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ စိုးရိမ်မှုများရှိနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသည့်ငြိမ်းချမ်းရေး မရရှိသေးသဖြင့် တိုင်းရင်းသားဒေသများတွင် ပစ်ခတ်မှုများ ရှိနေသလို၊ စစ်ပြေးဒုက္ခသည်များ၊ ပြည်ပတွင်ထွက်ခွာ၍ အလုပ်လုပ်နေသည့် နိုင်ငံသားများ ရှိနေသဖြင့် ၎င်းတို့ ကျန်ရစ်မှာကို စိုးရိမ်မှုများ ရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုမန်းမန်းက ပြော သည်။

“အဓိကစိုးရိမ်ချက်က တိုင်းရင်းသားလူမျိုးစုတွေကို သတ်မှတ်တဲ့နေရာမှာ မျိုးနွယ်စုဝင်တွေကအများကြီး ရှိနေပေမဲ့လည်း လူမျိုးစုတွေက တစ်စုတည်းမှာဖြစ်တယ်။ ဒါမှမဟုတ်ရင် မျိုးနွယ်စုအားလုံးက လူမျိုးစု တစ်စု ပြန်ပေါ်လာရင် နိုင်ငံတော်က ဖော်ပြထားတဲ့ ၁၃၅ မျိုး ရှိပါတယ်ဆိုတဲ့ အနေအထားပေါ်မှာ ဖြစ် သွားနိုင်တယ်။ရှိနေတဲ့လူမျိုးစုဝင်တွေက လူမျိုးစုတစ်စုတည်းမှာပဲ ထည့်သွင်းရမယ်ဆိုတဲ့အပိုင်းက ကျွန် တော်တို့ စဉ်းစားချက်ဖြစ်တယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ခံခြင်းသည် ပြည်သူလူထုဘက်မှ သန်းခေါင်စာရင်းကောက်ခံမှုအပေါ် ယုံကြည်မှုရှိရန်လိုအပ်ပြီး အကယ်၍ ယုံကြည်မှုမရှိပါက လူထုထံမှ အချက်အလက်များ ရရှိရန် အခက် အခဲဖြစ်လာနိုင်သည်ဟု ယနေ့ ရှင်းလင်းပွဲတက်ရောက်ခဲ့သူ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB မှ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ထည့်သွင်း ပြောဆိုခဲ့သည်။

“တစ်ခု ကျွန်မတို့စိုးရိမ်တာက ကျွန်မတို့နိုင်ငံမှာ ခုချိန်အထိ ပြည်တွင်းစစ်က မရပ်နေသေးဘူး။ နိုင်ငံရေး တည်ငြိမ်မှု မရှိသေးဘူး။ ဒီလိုအနေအထားက ပဋိပက္ခဖြစ်တဲ့ ပြည်သူတွေ၊ အပြင်ဘက်မှာရှိနေတဲ့ ပြည် သူတွေက ဒီအပေါ်မှာ ယုံကြည်မှု ဘယ်လောက်အထိ ရှိနိုင်မလဲ၊ ယုံကြည်မှုမရှိဘူးဆိုရင် နောက်ပိုင်းမှာ လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အပိုင်းတွေ စဉ်းစားတဲ့အခါမှာ လိုအပ်ချက်တွေ ရှိလာနိုင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၂ ရက်ကလည်း UNFPA က အွန်လိုင်းမှတစ်ဆင့် သန်းကောင်စာရင်းကောက်ယူရေး လုပ်ငန်း စဉ်များ ရှင်းပြခဲ့စဉ် ၀န်ကြီးဦးခင်ရီ တက်ရောက်လာခြင်း မရှိသည့်အပေါ် အဆက်အသွယ် လိုအပ်ချက် ကြောင့် ပျက်ကွက်ခဲ့ရသည်ဟု တောင်းပန် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ခံခြင်း သည် နိုင်ငံရေးအရ စဉ်းစားရမည်ဖြစ်ကာ တိုင်းရင်းသားများ၏ အခွင့်အရေးများအတွက် အာမခံကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အနောက်နိုင်ငံများဖြစ်သော သြစတြေးလျ၊ နော်ဝေး၊ ဆွိစ လန်၊ အင်္ဂလန်၊ ဖင်လန်၊ ဂျာမနီ၊ ဆွီဒင်နှင့် အီတလီနိုင်ငံများမှ အလှူရှင် ရှစ်ဦးက အလှူ ၃၅ သန်း ရရှိ နေပြီဖြစ်ပြီး ဂျပန်၊ ကနေဒါ၊ ဥရောပနိုင်ငံများထံမှလည်း ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟို သန်းခေါင် စာရင်းကော်မရှင်ကို အဓိက ကူညီဆောင်ရွက်ပေးနေသော United Nations Populations Fund Activities-UNFPA မှ UNFPAမှ မြန်မာနိုင်ငံဆိုင်ရာ Ms Ms Janet Jacksonက ရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။ သန်းခေါင်းစာရင်းကောက်ခံမှုတွင် လိုအပ်သည့် ရန်ပုံငွေ ၄၅ သန်း သုံးစွဲမည် ရည်ရွယ် ထားသည်ဟု ဆိုသည်။

No comments: