Tuesday, May 14, 2013

သမ္မတဦးသိန်းစိန် ၀ါရှင်တန်သွားဖို့ တရားဝင်ပြောကြား

ABC

မြန်မာနိုင်ငံတော်သမ္မတ ​ဦးသိန်းစိန်က ​မေလအတွင်းမှာပဲ ​အမေရိကန်နိုင်ငံ ​၀ါရှင်တန်မြို့ကို ​သွားရောက်လည်ပတ် ​ဖို့ရှိတယ်လို့ ​မြန်မာ့ရုပ်မြင်သံကြားကနေ ​တရားဝင်ကြေညာခဲ့ပါတယ်။ ​ဒီသတင်းကို ​ပြီးခဲ့တဲ့ ​လဆန်းပိုင်းက ​အမေရိကန် ​သတင်းရပ်ကွက်က ​ထုတ်ပြန်ခဲ့ပြီး ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ​သတင်းတွေမှာတော့ ​ဘယ်နေ့ ​ဘယ်ရက် ​ထွက်မလဲဆိုတာကို ​မကြေညာခဲ့ပေမဲ့ ​မြန်မာ ​နိုင်ငံကနေ ​သောကြာနေ့မှာ ​ထွက်ခွါပြီး ​မြို့တော် ​၀ါရှင်တန်ကို ​မေလ ​၂၀ ​နဲ့ ​၂၁ရက်နေ့မှာ ​သွားရောက် ​လည်ပတ်မှာ ​ဖြစ်တယ်လို့ ​အမေရိကန် ​ပြည်ထောင်စုလွှတ်တော်က ​သတင်းဌာနတခု ​ကိုပြောပါတယ်။

ခရီးစဉ်အတွင်းမှာ ​အမေရိကန်သမ္မတ ​Barack ​Obama ​နဲ့ ​အိမ်ဖြူတော်မှာ ​တွေ့ဆုံဖို့ရှိတယ်လို့ ​သိရပါတယ်။ ​မြန်မာ့ခေါင်းဆောင်တဦး ​အနေနဲ့ ​အမေရိကန်နိုင်ငံမြို့တော် ​၀ါရှင်တန်ကို ​တရားဝင် ​သွားရောက် ​လည်ပတ်ခဲ့တာဟာ ​၁၉၆၆ခု ​နှစ်က ​ကွယ်လွန်သွားပြီဖြစ်တဲ့ ​သမ္မတ ​ဟောင်း ​Lyndon ​Johnson ​ရဲ့ ​ဖိတ်ကြားချက်အရ ​ဆိုရှယ်လစ်လမ်းစဉ်ပါတီ ​ဥက္ကဌ ​ဦးနေ၀င်းက ​သွားရောက် ​လည်ပတ်ခဲ့ခြင်းပဲ ​ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ​Barack ​Obama ​က ​မြန်မာနိုင်ငံကို ​ပြီးခဲ့တဲ့ ​နိုဝင်ဘာလက ​လာရောက် ​လည်ပတ်ခဲ့ပြီး ​သမ္မတ ​ဦးသိန်းစိန်က ​အမေရိကန်နိုင်ငံကို ​ပထမဦးဆုံး ​တကြိမ်ရောက်ရှိခဲ့ပေမဲ့ ​နယူးယောက်မြို့မှာပဲ ​ကုလသမဂ္ဂ ​အထွေထွေညီလာခံ ​ကိုသွားပြီး ​မိန့်ခွန်းပြောကြားခဲ့တာ ​ဖြစ်ပါတယ်။

No comments: