Monday, May 20, 2013

မြန်မာနိုင်ငံသို့  တင်ပို့် မည့် Pseudoephedrine အခွံ အမြောက်အများ မဏီပူရပြည်နယ် မြစ်တခုတွင် တွေ့ ရှိ

khonumthung

စစ်တပ်၊ ရဲနှင့် အစိုးရအရာရှိ တချို့  ပါဝင်ပတ် သက်သည် ဟု ယူဆရသည့် Pseudoephedrine ဆေးပြား အခွံကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Moreh မြို့  ရှိ မြစ်တခုကို တမိုင် နီးပါးခန့်  ဖုံးလွှမ်း လျက်ရှိ သည်ကို တွေ့ ရှိခဲ့သည်။

အိန္ဒိယနိုင်ငံ အတွင်းရှိ pharmaceutical ကုမ္ပဏီများမှ ထုတ်လုပ်သော ယင်းဆေးပြား များကို အိန္ဒိယ နိုင်ငံ အနှံ့ မှ သယ်ယူကြပြီး အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေး လမ်းမှ တဆင့် မြန်မာနိုင်ငံ ဘက်သို့  တင်ပို့ လျက်ရှိကြောင်း ၂၀၁၃ခုနှစ် မေလ (၁၇) ရက်နေ့ ထုတ် The E-Pao အင်တာ နက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

Pseudoephedrine Hydrochloride ၆၀ ရာခိုင်းနှုန်း ပါဝင်သည့် Respifed, Hot and Cold Hingcop T, Actilab T အမည်တပ် ထားသည့် ဆေးပြားများကို မူးယစ်ဆေးဝါး အဖြစ် အသုံး ပြုနေ ကြောင်း အဆိုပါသတင်းက ဖေါ်ပြထားသည်။

အိန္ဒိယ- မြန်မာ နယ်စပ် လုံခြုံသည် နေရာတွင် သိုလှောင်ထားရှိသည့် ဆေးပြားများကို လွယ်လင့် တကူ သယ်ယူနိုင်ရန် အတွက် အခွံခွာခြင်းဖြစ်ကြောင်း၊ ယင်းအခွံခွာသည့် နေရာတွင် လုပ်သား ၁၀၀ ထက် မနည်း ပါဝင်ကာ လူတစ်ဦးလျင် တနေ့ လုပ်အားခ ရူပီးငွေ ၃၀၀ ဖြင့် အလုပ်လုပ် ကိုင်နေ ကြကြောင်း သိရသည်။

အခွံခွာပြီးသော ဆေးလုံးများကို အိန္ဒိယ အရှေ့ မြောက်ဘက် လက်နက်အဖွဲ့  တချို့ နှင့် အာသံ ရိုင်ဖယ် ပူးပေါင်းကာ မြန်မာ နယ်စပ် သို့  ရောက်ရှိနိုင်ရန် တနေရာမှ တနေရာသို့  ပြောင်းရွှေ့  သယ်ဆောင်ခြင်း ဖြစ်ကြောင်း The E-pao သတင်းစာကဖေါ်ပြထားသည်။

တစ် ကီလိုမီတာခန့်  ရှည်လျားအောင် ဖုန်းလွှမ်းထားသည့် Pseudoephedrine အခွံက Lokchao မြစ်ကို ဖုန်းလွှမ်းလျက်ရှိကြောင်း သိရသည်။

၂၀၁၃ခုနှစ် မေလ ၂၆-၂၇ ရက်နေ့  စစ်ကိုင်းတိုင်းတွင် ပြုလုပ်မည့် မဏိပူရပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ မြန်မာ အစိုးရ တို့  ဆွေးနွေးပွဲတွင် မကိပူရပြည်နယ် ၀န်ကြီးချုပ် Okram Ibobi တက်ရောက်မည်ဖြစ်ပြီး ခရီးသွား လုပ်ငန်း၊ Imphal နှင့် မန္တလေးအကြား ဘတ်စ်ကား ပြေးဆွဲ မည့်ကိစ္စနှင့် လျှပ်စစ်ဓါတ်အားပေးဝေမည့် ကိစ္စများကို သာဆွေးနွေးသွား မည်ဟု သိရသည်။

တချိန်တည်းမှာပင် ၂၀၁၃ခုနှစ် မေလ ၁၃ ရက်နေ့ တွင် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ နယ် အာဏာပိုင်များက မူးယစ်ဆေးဝါး ကုန်ကူး မှုကြောင့် ရိဒ်မြို့နယ်ခွဲ၊ အမှတ်(၁)ရပ်ကွက်နေ သူ များဖြစ်သော လာလ်ထန်တလိန်း (၃၁)နှစ်နှင့် လာလ်ဇီး မွန်နာ(၂၅)တို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ ၁၆(ခ)အရ အလုပ်ကြမ်းနှင့် ထောင် ဒဏ်(၅)နှစ်အား၎င်း၊ မရမ်ဆိုင်နွန် (၃၆)နှစ် နှင့် လားလ်ဂိုလျှန်နာ(၂၄) တို့အား ဥပဒေပုဒ်မ ၁၆(ခ)အရ အလုပ်ကြမ်း နှင့်ထောင် ဒဏ် (၇)နှစ်အား၎င်း ပြစ် ဒဏ်ချမှတ် ခဲ့ကြကြောင်း မြန်မာ ရဲတပ်ဖွဲ့ facebook စာမျက်မှာတွင် ဖေါ်ပြထား သည်။

အဆိုပါတရားခံများထံမှ Pseudoephedrine ဆေးပြား ၉၈၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

No comments: