ဂျွန်ချစ်ငြိမ်း
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ ကျေးရွာများအားလုံး မိမိတို့အစိုးရသက်တမ်းတွင် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မီးလင်းစေရန် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က အောက်တိုဘာ ၂ ရက်တွင် မဇ္ဈိမကိုပြောသည်။
ယင်းသို့ အင်းလေးဒေသအတွင်း လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ပေးခြင်းမှာ အင်းလေးဒေသတွင် အသေးစားစက်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟုလည်း လျှပ်စစ်နှင့်စက်မှုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က “အင်းလေးဒေသရဲ့လူနေမှုအဆင့်အတန်းက ဖွံ့ဖြိုးမှုနိမ့်ကျ တယ်။ အဓိက သက်မွေးလုပ်ငန်းဆိုလို့ စိုက်ပျိုးရေးနဲ့ ငါး ဖမ်းတာပဲရှိတယ်။ ငါးကလည်း အင်းလေးကန်ထဲမှာ ကုန်နေသလောက်ရှိပါပြီ။ စိုက် ပျိုးရေးနဲ့ ပတ်သက်လို့လည်း စပါးစိုက်တာထက် ခရမ်းချဉ် သီးပဲသူတို့ စိုက်ကြတယ်။ ခရမ်းချဉ်သီး ဈေးမကောင်းတဲ့အခါ သူတို့တော်တော်ဒုက္ခရောက်ကြတယ်။ သူ တို့ကို အသေးစား စက်မှုလုပ်ငန်းတွေ လုပ်ကိုင်နိုင် အောင်လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်” ဟုဆိုသည်။
အင်းလေးကန်အတွင်းရှိ ကျေးရွာများ သည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မပါရှိသည့် အတွက် အင်းလေးကန်အတွင်းရှိ ကျေးရွာများ မီးလင်းရန်မှာ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်းလည်း ဦးစိုင်းထွန်းရင်က မဇ္ဈိမကိုပြောသည်။
၎င်းက “မီးလင်းအောင် ဆောင်ရွက်တဲ့ နေရာမှကျေးရွာသူ၊ သားတွေဖွဲ့ထားတဲ့ မီးလင်းရေးကော်မတီနဲ့ သူတို့ နှစ်သက်တဲ့ ကုမ္ပဏီရွေးချယ်ပြီး မီးလင်းအောင် လုပ်ဆောင်ပါတယ်။ ငွေမလုံလောက်တဲ့အခါ ရှမ်း ပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့ ငွေစိုက်ထုတ် ချေးပေးတယ်။ မဟာဓာတ်အားလိုင်းနဲ့နီးတဲ့ရွာဆို ကုန်ကျစရိတ်ပိုမို သက်သာပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
အင်းလေးကန်အတွင်းရှိ ကျေးရွာများ မီးရရှိရေးအတွက် လွန်ခဲ့သည့် ၁၅နှစ်ခန့် ကတည်းက မီးလင်းရေး ကော်မတီ ဖွဲ့ပြီး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုး မျိုးကြောင့် မအောင်မြင်ခဲ့ခြင်းမရှိဘဲ ၂၀၁၁ ဇွန်လဆန်းမှ စတင်ပြီး အောင်မြင်မှုရရှိခဲ့သည် ဟုလည်း ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှု ၀န်ကြီးက ပြောသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း တွင် ကျေးရွာပေါင်း ၄၄၄ရွာ ရှိပြီး ကျေးရွာပေါင်း ၂၀၀ ကျော် မှာ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မီးလင်းနေပြီဖြစ်သည်။
နိုင်ငံတော် သမ္မတရုံးပြည်ထောင်စုဝန်ကြီးများ စက်တင်ဘာ ၁၀ ရက်က တောင်ကြီးသို့ ရောက်ရှိလာစဉ် အတွင်းက လည်း ကျေးလက် ဒေသမီးလင်းရေးနှင့် သောက်သုံးရေရရှိရေး အဓိကဦးစားပေး လုပ်ဆောင်ရန်ပြောသည်။
No comments:
Post a Comment