Tuesday, October 29, 2013

ရခိုင်က ဟိုတယ် လုံခြုံရေး ၀န်ထမ်းတွေကို သင်တန်းပေးမယ်

ABC

ရန်ကုန်မြို့ ​ကုန်သည်ကြီးများဟိုတယ်မှာ ​ဗုံးပေါက်ကွဲမှု ​ဖြစ်ခဲ့ပြီးတဲ့နောက် ​ရခိုင်ပြည်နယ်အတွင်းရှိ ​ဟိုတယ်ဝန်ထမ်းတွေကို ​စစ်တွေမြို့ရှိ ​ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ​လုံခြုံရေးဆိုင်ရာ ​သင်တန်းတစ်ရပ် ​ပေးနေတယ်လို့ ​သိရပါတယ်။

အဆိုပါ ​လုံခြုံရေး ​သင်တန်းကို ​အောက်တိုဘာ၂၈ရက်ကနေ ​နိုဝင်ဘာ ​၁ ​ရက်နေ့အထိ ​၅ရက်ကြာ ​ပြုလုပ်ပေးမှာဖြစ်ပြီး ​စစ်တွေ ​မြို့နဲ့ ​မြောက်ဦးမြို့ရှိတဲ့ ​ဟိုတယ် ​ဝန်ထမ်း ​၃၅ ​ယောက်ကို ​သင်တန်းပေးတာ ​ဖြစ်ပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေဝန်ကြီးနဲ့ ​ပြည်ထဲရေးဝန်ကြီးရဲ့ ​ညှိနှိုင်းအချက်အရ ​လုံခြုံရေးဆိုင်ရာ ​သင်တန်းကို ​ဖွင့်လှစ်တာဖြစ်ကြောင်း ​ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ပြည်နယ်ရဲမှူးကြီး ​ဦးနေမျိုးက ​ပြောသည်။

သင်တန်းမှာ ​သတင်းနဲ့ ​စာရွက်စာတမ်းလုံခြုံရေး၊ ​ပစ္စည်းနဲ့ ​အဆောက်အဦးလုံခြုံရေး၊ ​လုံခြုံရေးဆိုင်ရာ ​အထောက်အကူပြု ​ပစ္စည်း ​ကိုယ်တွယ်အသုံးပြုနည်း ​လုံခြုံမှုလေ့လာခြင်းအကြောင်းကို ​ရဲတပ်ဖွဲ့က ​ပို့ချမည်ဖြစ်ပြီး ​မိုင်းရှင်းလင်းရှာဖွေရေးနဲ့ ​ကြိုတင်ကာကွယ်ရေးဆိုင်ရာ ​အခြေခံသဘောတရား၊ ​XRay-set ​အသုံးပြုနည်း၊ ​ဝင်ရောက်လာသူ ​ခရီးသည်တွေအပေါ် ​သတ္တုအာရုံခံစစ်ဆေး ​ခြင်းတွေကိုပါ ​ပို့ချမှာ ​ဖြစ်ပါတယ်။

အဲ့ဒါ့အပြင် ​ရခိုင်ပြည်နယ်ရှိ ​ဟိုတယ်တွေမှာ ​CCTV ​လုံခြုံရေး ​ကင်မရာ ​တပ်ဆင်ထားခြင်း ​ရှိမရှိကိုလည်း ​စစ်ဆေးသွားမှာဖြစ်ပြီး ​သတ်မှတ်ချက် ​မပြည့်မှီရင် ​ဟိုတယ်လုပ်ငန်းတွေ ​မချပေးဘူးလို့လည်း ​အစိုးရအရာရှိက ​ပြောကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: