Thursday, October 31, 2013

ရမ်းဗြဲ လ၀ကမှူး ထင်တိုင်းကြဲနေ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ လဝက ဦးစီးသိန်းဇော်သည် နိုင်ငံသား စီစစ်ရေး ကတ်ပြား ပြုလုပ်ရန် လာရောက်သော တိုင်းရင်းသားများအား မိုက်ရိုင်းစွာထပ်မံ ဆက်ဆံခြင်း ဟိန်းဟောက်ခြင်း များပြုလုပ်နေပါသည်။ နိုင်ငံသား စီစစ်ရေး ကတ်ပြား ပြုလုပ်ရာတွင်လည်း အမျိုးမ်ျိုး ငွေညှစ်၍ တောင်းခံနေပါသည်။ ယခုလက်ရှိအချိန်တွင်လည်းတိုင်းရင်းသားများအား ညစ်ပတ်ပြီးနိုင်ငံသားစီစစ်ရေး ကတ်ပြားတစ်ခုကို ၃၀၀၀ ကျပ် ကို လဝက ဦးစီး သိန်းဇော် ကိုယ်တိုင် မိမိအခန်းတွင်း၌ တောင်းခံနေပါသည်။ ပထမအကြိမ် အသိပေး တင်ပြခဲ့သော်လည်း ထိရောက်စွာအရေးယူမူ မရှိ၍ သူကိုယ်တိုင် ထင်တိုင်း လုပ်နေပါသည်။ သို့ဖြစ်ပါ၍ ၄င်းလဝက ဦးစီးသိန်းဇော်အား အရေးယူ ပေးနိုင်ပါရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သိရှိနိုင်ပါရန် ဒုတိယ အကြိမ် တင်ပြ လိုက်ပါသည်။

ရမ်းဗြဲသား

No comments: