Thursday, October 31, 2013

အသေးစားနဲ့အလတ်စား စီးပွားရေး အတွက် မြန်မာနဲ့ဂျပန် လက်မှတ်ထိုး

ABC

မြန်မာနိုင်ငံအတွင်း ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေးလုပ်ငန်းတွေ ​၀င်ရောက်လုပ်ကိုင်နိုင်ဖို့အတွက် ​မြန်မာနဲ့ ​ဂျပန်နိုင်ငံတို့ ​ပူးတွဲ ​သဘောတူညီမှုရရှိခဲ့ပါတယ်။

သဘောတူညီမှုစာချုပ်ကို ​ဂျပန်နိုင်ငံက ​SME ​Support ​Japan ​ခေါ် ​အသေးစားနဲ့ ​အလတ်စာ ​စီးပွားရေးလုပ်ငန်းအဖွဲ့တွေနဲ့ ​မြန်မာ ​ကုန်သွယ်ရေးနဲ့ ​စက်မှုစီးပွားရေးအသင်း ​UMFCCI ​တို့က ​ဗုဒ္ဓဟူးနေ့မှာ ​သဘောတူ ​လက်မှတ်ရေးထိုးခဲ့ ​ကြတာဖြစ်ပါတယ်။

အခုလို ​သဘောတူစာချုပ် ​လက်မှတ်ရေးထိုး ​လိုက်တဲ့အတွက် ​ဂျပန်နိုင်ငံက ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေး ​လုပ်ငန်းတွေအနေနဲ့ ​မြန်မာ ​ကုန်သွယ်ရေးနဲ့ ​စက်မှုစီးပွားရေး ​အသင်းရဲ့ ​နောက်ဆုံးရ ​စီးပွားရေး ​အချက်အလက်တွေကို ​၀င်ရောက်ရယူခွင့် ​ရရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​ကုန်သွယ်ရေးနဲ့ ​စက်မှုစီးပွားရေးအသင်းဟာ ​ပြည်တွင်းကစီးပွားရေးအဖွဲ့ဝင်ပေါင်း ​၂၀၀၀၀ ​ကျော်လောက်ပါရှိပါတယ်။

မြန်မာ ​ကုန်သွယ်ရေးနဲ့ ​စက်မှုစီးပွားရေးအသင်း ​အနေနဲ့ ​ဂျပန်စီးပွားရေး ​ကုမ္ပဏီတွေအတွက် ​လုံခြုံစိတ်ချရတဲ့ ​စီးပွားရေးအချက်အလက်တွေကို ​အစွမ်းကုန် ​အသိပေးလုပ်ဆောင်ပေးသွားမှာ ​ဖြစ်တယ်လို့ ​မြန်မာ ​ကုန်သွယ်ရေးနဲ့ ​စက်မှုစီးပွားရေးအသင်း ​ဥက္ကဌ ​ဦးဝင်းအောင်က ​ပြောပါတယ်။

No comments: