Wednesday, October 30, 2013

မကွေးတိုင်းမြို့နယ်ခြောက်ခုတွင် အခြေခံဥပဒေပြင်ဆင်ရန် တက်ရောက်သူအားလုံးဆန္ဒပြု

ပေါက်ကလေး (သရက်)

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုတွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး တက်ရောက်သူအားလုံးက ပြင်ဆင်ရန် မတ်တပ်ရပ် ကာဆန္ဒပြုခဲ့ကြသည်။

မကွေးတိုင်း သရက်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အောက်တိုဘာလ ၂၇ရက်က သရက်၊ အောင်လံ၊ ကံမ၊ မင်းတုန်း၊ ဆင်ပေါင်ဝဲနှင့် မင်းလှမြို့နယ်တို့မှ ပါတီဝင်နှင့်စိတ်ဝင်စားသူပြည်သူ ၆၀၀ ခန့် က တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး တက်ရောက်သူအားလုံးကပြင်ဆင်ရန် ဆန္ဒပြုကြ ခြင်း ဖြစ်သည်။

အခြေခံဥပဒေအား ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူများထံမှ ဆန္ဒရယူမှုကိုပြုလုပ်ခဲ့ရာ ကောက်ခံရရှိမှုတွင်အများစုမှာ ပြင်ဆင်ရန်သာဆန္ဒရှိနေ ကြ သည်။

အောက်တိုဘာလ၂၅ရက်နှင့် ၂၆ရက်တို့ကလည်း မကွေးတိုင်းရှိ မကွေးမြို့နှင့် မင်းဘူးမြို့တို့တွင် ဆွေးနွေးပွဲတက်ရောက်သူ ၅ယ၀၀၀ခန့်က ပြင်ဆင်ရန် ဆန္ဒပြုခဲ့သေးသည်။

ထို့အပြင် မန္တလေးတိုင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင်လည်း အောက်တိုဘာလ ၂၆ရက် နှင့် ၂၇ရက်တွင် အခြေခံဥပဒေနှင့် စပ်လျဉ်း၍ ဆန္ဒရယူရာ ၉၉ရာခိုင်နှုန်းမှာ ပြင်ဆင်ရန်သာဆန္ဒရှိသည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီးယင်းသို့ ကောက်ခံ ခြင်းကို အောက်တိုဘာလကုန်ခန့်တွင် အပြီးကောက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင်အဖွဲ့ဝင်၁၀၉ဦး ပါ ၀င်သော လွှတ်တော်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေပူးပေါင်းလေ့လာရေးကော်မတီသို့ ဆက်လက်တင်ပြသွား မည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ NLD မှ သဘောထားကောက်ယူမှုများကို မန္တလေးတိုင်း၊ စစ် ကိုင်းတိုင်း၊ ချင်း ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင်ကောက် ယူပြီးဖြစ်ရာ ပြင်ဆင်ရေးအား ထောက်ခံသူ ၈၀ ရာ ခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ရှိသည်။ အသစ်ရေး ဆွဲရန် ဆန္ဒပေးသူမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်ဟု သိရသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင် ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သ ဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက် ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။

ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။

No comments: