Thursday, October 31, 2013

သမိုင်းဝင်တဲ့ တိုင်းရင်းသား ညီလာခံကို ဝနဲ့ မိုင်းလား မတက်ရောက်

ABC

မြန်မာနိုင်ငံအတွက် ​သမိုင်းဝင်မယ့် ​ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​ခေါင်းဆောင်များ ​ညီလာခံကို ​ဒီကနေ့ကစပြီး ​ကချင်ကေအိုင်အို ​ရဲ့ ​ဌာနချုပ် ​လိုင်ဇာမြို့မှာ ​စတင်ကျင်းပမှာဖြစ်ပြီး ​၀ ​ပြည် ​သွေးစည်းညီညွတ်ရေး ​တပ်မတော် ​UWSA ​နဲ့ ​အမျိုးသား ​ဒီမိုကရက်တစ် ​မဟာမိတ် ​တပ်မတော် ​(NSAA-ESS) ​မိုင်းလားတပ်ဖွဲ့တို့ ​မတက်ရောက်ဘူးလို့ ​သိရပါတယ်။

့ ​အောက်တိုဘာ ​၃၀ ​ရက်နေ့ကစပြီး ​၃ ​ရက်အကြာ ​ပြုလုပ်မယ့် ​အဲဒီညီလာခံကို ​KIO ​က ​စီစဉ်ကျင်းပတာဖြစ်ပြီး ​ပြည်တွင်း၊ ​ပြည်ပ ​အခြေစိုက် ​တိုင်းရင်းသား ​လက်နက်ကိုင် ​တပ်ဖွဲ့ ​၁၉ ​ဖွဲ့ကို ​ဖိတ်ကြားထားပေမယ့် ​ ဝတပ်ဖွဲ့နဲ့ ​မိုင်းလား ​အဖွဲ့တွေကတော့ ​လိုင်ဇာမြို့ကို ​ရောက်မလာဘူးလို့ ​ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ​UWSA ​၀ ​တပ်ဖွဲ့ရဲ့ ​၀ိန်းကောင်းခရိုင် ​အတွင်းရေးမှူး ​ဦးစောလွင်က ​၀တပ်ဖွဲ့အနေနဲ့ ​လိုင်ဇာညီလာခံကို ​မတက်ရောက်နိုင်တာ ​မှန်ကန်ကြောင်း ​အခုလို ​အတည်ပြု ​ပြောပါတယ်။

ပထမ ​ပြောတာတော့ ​သွားမယ်လို့ ​ပြောတာ၊ ​အယ် ​သွားတဲ့အချိန်က ​သူတို့ ​မသွားဖြစ်ဘူး ​ဖြစ်နေတယ်၊ ​သူတို့ ​မသွားဖြစ်တာ ​ဘာကိစ္စနဲ့လည်း ​မသိဘူး။ ​မေးကြည့်တာတော့ ​မသွားဘူးတဲ့ ​မိန်းလား ​နဲ့ ​ကျနော်တို့ ​၀ ​က ​မသွားဘူးတဲ့ ​ဒါကတော့ ​ဘာအကြောင်းကြောင့်လဲတော့ ​မသိဘူး၊ ​ကျန်းမာရေးတော့ ​မဖြစ်ဘူး ​ဒါပေမယ့် ​တခုခုတော့ ​ဖြစ်မယ်ထင်တယ်၊ ​အရင်တစ်ခေါက်လည်း ​မသွားဘူးလေ ​ဒီတစ်ခေါက်လည်း ​မသွားဘူး။ 
အမျိုးသား ​ဒီမိုကရက်တစ် ​မဟာမိတ် ​တပ်မတော် ​(NSAA-ESS) ​မိုင်းလားတပ်ဖွဲ့က ​ဆက်ဆံရေးရုံး ​အရာရှိ ​တစ်ဦးကတော့ ​မတက်ရောက်နိုင်တဲ့ ​ကိစ္စနဲ့ပတ်သက်ပြီး ​ပြောဆိုခွင့်မရှိဘူးလို့ ​ပြောပါတယ်။ 

အဲ့ဒီကိစ္စကို ​ကျနော်တို့ ​ပြောလို့ ​မရပါဘူးခင်ဗျ၊ ​ကျနော်တို့လည်း ​ကောင်းကောင်းလည်း ​မသိဘူးလေ၊ ​သွားတော့ ​မသွားတက်ပါဘူးခင်ဗျား။

မိုင်းလား ​နဲ့ ​UWSA ​တပ်ဖွဲ့တွေနဲ့ ​နီးစပ်သူလည်းဖြစ် ​တရုတ် ​မြန်မာနယ်စပ်အခြေစိုက် ​စစ်ရေးလေ့လာ ​သုံးသပ်သူတစ်ဦးလည်းဖြစ်တဲ့ ​ဦးအောင်ကျော်ဇော် ​ကတော့ ​သူ့ရဲ့အမြင်ကို ​အခုလို ​သုံးသပ် ​ပြောဆိုပါတယ်။

ကျနော်တို့လည်း ​မေးကြည့်ပြီးပြီ ​သူတို့က ​ဘာမှ ​အတိအကျ ​ဖြေတာ ​မရှိပါဘူး၊ ​သူတို့ပြောတာက ​၀သပ ​ကမသွားဘူး ​သူတို့လည်း ​မသွားဘူး ​၀သပ ​နဲ့ ​သူတို့နဲ့ ​က ​ညီနောင်ပါတီ ​အဖွဲ့အစည်းဖြစ်တာကိုး ​မသွားကြဘူး ​အဲ့ဒါပါပဲ၊ ​တဖက်ကလည်း ​စဉ်းစားစရာရှိတာပေါ့ ​သူတို့ ​စောစောကြိုပြောထားတာ ​ရှိတဲ့ ​၀သပ ​အနေနဲ့ ​ဒီ ​နေရှင်းနယ် ​ပီစ် ​စေ့ဖားရား ​အကုတ်ကို ​လက်မှတ်ထိုးစရာ ​မလိုဘူးပေါ့ ​အရင်တုန်းကလည်း ​ထိုးဖူးတယ်ပေါ့ ​ပြောဖူးတာကိုး ​အယ် ​အဲ့အတွက်ကြောင့် ​မလိုအပ်လို့ ​ဒီအစည်းအဝေးက ​အဲ့မှာ ​ထိုးမထိုး ​ဆိုတာကို ​ဆုံးဖြတ်ကြမှာကိုး ​အဲ့ဒါကြောင့် ​မသွားတာလည်း ​ဖြစ်ရင် ​ဖြစ်မှာပေါ့ ​အခြားအကြောင်းတွေလည်း ​အများကြီး ​ရှိနိုင်ပါတယ်။ ​အိမ်နီးနားချင်း ​တရုတ်ပြည်ရဲ့ ​ဖိအားလားပေါ့ ​ဒါမှ ​မဟုတ်လည်း ​တခြား ​ဗမာအစိုးရက ​ပါဝင်မှာ ​မကြိုက်လို့ ​မသွားတာလားပေါ့ ​ဒီလိုလည်း ​စဉ်းစားနိုင်ပါတယ်။

လက်ရှိအစိုးရကနေ ​လာမည့် ​နိုဝင်ဘာလထဲမှာ ​တနိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​သဘောတူ ​လက်မှတ် ​ရေးထိုးဖို့ ​ပြင်ဆင်ထားပြီး ​အဲဒီပွဲမှာ ​လက်မှတ်ထိုးမထိုး ​ဆိုတာကိုတော့ ​အခုကျင်းပတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ​ညီလာခံ ​က ​ဆွေးနွေးကြမယ့်အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ ​ထားပါတယ်။

သုံးရက်ကြာ ​ကျင်းပမယ့် ​တိုင်းရင်းသားလက်နက်ကိုင် ​ခေါင်းဆောင်များ ​ညီလာခံကို ​လက်နက်ကိုင် ​အဖွဲ့ ​၁၉ ​ဖွဲ့ကို ​ဖိတ်ကြားထားပေမယ့် ​၁၆ ​ဖွဲ့က ​ကိုယ်စားလှယ်အယောက်ပေါင်း ​၆၀ ​လောက် ​တက်ရောက်မှာ ​ဖြစ်ပါတယ်။

ဒီ ​လက်နက်ကိုင် ​တိုင်းရင်းသား ​ညီလာခံ ​ပြီးဆုံးတဲ့အခါ ​ကချင်ငြိမ်းချမ်းရေး ​ကော်မတီအဖွဲ့က ​မြန်မာအစိုးရရဲ့ ​ငြိမ်းချမ်းရေးကော်မတီအဖွဲ့နဲ့ ​တွေ့ဆုံမှာဖြစ်ပြီး ​အပစ်အခတ်ရပ်စဲရေးအကြောင်း ​နိုဝင်ဘာလ ​၃ ​ရက်နေ့ကျရင် ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

မြန်မာအစိုးရအတွက် ​လက်နက်ကိုင်အဖွဲ့အစည်း ​အားလုံးနဲ့ ​အပစ်အခတ်ရပ်စဲဖို့က ​အရေးကြီးတဲ့အတွက် ​အပူတပြင်း ​ကြိုးစားနေပြီး ​တစ်နိုင်ငံလုံး ​အတိုင်းအတာ ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်ရေးထိုးပြီးရင်တော့ ​နိုင်ငံရေးဆွေးနွေးမှုတွေ ​စတင်မယ်လို့ ​ပြောဆိုခဲ့ပါတယ်။

No comments: