Tuesday, October 29, 2013

ဆီးဂိမ်းတွင် ထောက်လုကစားနည်းမှ ရွှေတံဆိပ်ရရှိရန် ပိုမိုမျှော်မှန်း

သောကြာ

မြန်မာနိုင်ငံ ၀ူရှူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းထွန်းဦးက ၀ူရှူးအားကစားအဖွဲ့အနေဖြင့် ဆီးဂိမ်းတွင် ထောက်လုကစားနည်းမှ ရွှေတံဆိပ်ဆုများ ပိုမိုရရှိရန် မျှော်မှန်းထားကြောင်း မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလက နေပြည်တော်၊ ၀ဏ္ဏသိဒ်္ဓိအားကစားရုံ (အေ)တွင် ကျင်းပခဲ့သည့် ဆီးဂိမ်း အကြို ၀ူရှူးပြိုင်ပွဲတွင် မြန်မာဝူရှူးအားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၄ ခုနှင့် ကြေးတံ ဆိပ် ၁၄ ခု ရရှိခဲ့သည်။

ဦးထွန်းထွန်းဦးက “၀ူရှူးမှာ နှစ်ပိုင်းရှိပါတယ်။ ထောက်လုနဲ့ဆန်းဆို။ ထောက်လု ကနေ အဓိကထားပြီး ရွှေယူမှာပါ။ ထောက်လုက အလှပြကစားတယ်။ ဆန်းဆိုကတော့ အတိုက်ပါ။ ဖြစ်နိုင်ခြေရာခိုင်နှုန်းများတာက ထောက်လုကနေ ရွှေရဖို့ ပိုများပါတယ်။ ဒါကြောင့် ထောက်လုပိုင်းကနေ ကြိုးစားသွားမှာပါ။ အိမ်ရှင်ဆိုပြီး လက်လွှတ်စပယ်လုပ်လို့တော့ မရပါဘူး။ ရိုက်ရမယ့်နေရာမှာ ရိုက်ရမယ့် ခုန်ရမယ့်နေရာမှာ ခုန်ရမယ်။ အား သာတယ်ဆိုပေမယ့်လည်း လုပ်ချင်တိုင်း လုပ် လို့ မရပါဘူး။ နိုင်ငံ အလိုက်မှာ ပထမလိုချင်တယ်၊ ရွှေလိုချင်တယ်။ ဒါကြောင့် ကစားသမားတွေလည်း ပြင်းပြင်းထန်ထန် ကြိုး စားလေ့ကျင့်နေပါတယ်”ဟုပြောကြားခဲ့သည်။

No comments: