Monday, October 28, 2013

ဒေါ်စုနဲ့ပုပ်ရဟန်းမင်းကြီး တွေ့ဆုံဖို့ရှိ

ABC

အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​အီတလီနိုင်ငံ ​ခရီးစဉ်အတွင်း ​ပုပ်ရဟန်းမင်းကြီး ​ဖရန်းစစ်နဲ့ ​တွေ့ဆုံဖို့ ​ရှိကြောင်း ​ထိုင်းမ်စ် ​သတင်းအရ ​သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ ​ဒေါ်အောင်ဆန်းစုကြည်တို့ ​တနင်္လာနေ့ ​ဒီကနေ့မှာ ​တွေ့ဆုံကြမှာဖြစ်ပြီး ​ဒါဟာ ​သမိုင်းဝင်တဲ့ ​တွေ့ဆုံမှုဖြစ်တယ်လို့ ​သုံးသပ်နေကြပါတယ်။

အာရှတိုက်မှာဆိုရင် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​သတင်းစာအစောင်ပေါင်း ​၁၀၀ ​ထက် ​နာမည်ကျော်ကြား ​လွမ်းမိုးမှုရှိတဲ့ ​ပုဂ္ဂိုလ်ဖြစ်သလို ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​အသံဟာလည်း ​နိုင်ငံရေးသမား ​အယောက်ပေါင်း ​၁၀၀ ​စုပေါင်းထားတာထက်တောင် ​ကျယ်လောင်တယ်လို့ ​ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ခုလောလောဆယ် ​အီတလီနိုင်ငံ ​ရောမမြို့ကို ​ရောက်ရှိနေပြီး ​သမိုင်းဝင်တဲ့ ​နေရာတွေကို ​လေ့လာနေသလို ​အီတလီနိုင်ငံ ​အစိုးရတာဝန်ရှိသူတွေနဲ့ ​တွေ့ဆုံမှာဖြစ်သလို ​ဂုဏ်ပြုဆုလက်ဆောင်တွေကိုလည်း ​လက်ခံဖို့ ​ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​နှစ်ပတ်ကြာ ​ဥရောပ ​ငါးနိုင်ငံခရီးစဉ်က ​နိုဝင်ဘာလ ​၂ ​ရက်နေ့မှာ ​ပြီးဆုံးမှာ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

No comments: