ရွှေဟင်္သာ
ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာ့ လူ့အခွင့်အရေး ကိစ္စရပ် များအပေါ် ရှာဖွေ တွေ့ရှိချက် အစီရင် ခံစာအား ယနေ့ အောက်တိုဘာလ (၂၄) ရက် နေ့၌ ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် ကြားနာ ခဲ့ပါသည်။
ယင်းကြားနာ မှုသည် လာမည့် နိုဝင်ဘာ လအတွင်း၌ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ရန် ရှိသည့် ဆုံးဖြတ်ချက် များအတွက် အထောက် အကူ ပြုမည့် ဆွေးနွေး မှုများ ဖြစ်မည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) မှ အာရှဒေသ လက်ထောက် ဒါရိုက်တာ ဖီးလ်ရောဘင်ဆန်မှ ဆိုပါသည်။
“ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း အသေးစိတ် ကျကျ လေ့လာ ဖတ်ရှူ့ သုံးသပ် ပြီးတော့ ဒီအပေါ်မှာ မြန်မာ နိုင်ငံ အပေါ်ကို ကုလ သမဂ္ဂရဲ့ သဘောထား ဘယ်လို ထားရှိ သင့်သလဲ ဆိုတာ ဆုံးဖြတ်ချက် ချဖို့ အထောက်အကူ ဖြစ်စေ မှာပါ” ဟု ဆိုပါသည်။
မစ္စတာ ကင်တားနား၏ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်သွင်း ထားသည့် အစီရင် ခံစာ၌ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ် နိုင်ခဲ့ သဖြင့် ဦးအောင်မင်း၏ ကြိုးပမ်း ချက်ကို ကြိုဆိုကြောင်း ဖေါ်ပြ ထားသည်။ သို့သော် ရေရှည် တည်တံ့ ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲ ရေးမျိုး မဖြစ်လာ မှာကို စိုးရိမ် မိသည်ဟု ဖေါ်ပြ ထားပါသည်။
ထို့အပြင် ယင်း အစီရင်ခံစာ ထဲတွင် ပလောင်နှင့် ရှမ်းပြည် မြောက်ပိုင်း ဒေသ တို့၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေမှုကို ဖေါ်ပြ ထားပါသည်။ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် သဘောတူ ထားသည့် ဂတိ အတိုင်း တိတိကျကျ လိုက်လံ အကောင်အထည် ဖော်ရန် လိုအပ်နေပြီး ၊ နိုင်ငံရေး ဆွေးနွေး ပွဲကိုလည်း အလျင်အမြန် အကောင်အထည် ဖော်ပေးရန် လိုအပ် နေကြောင်း ထည့်သွင်း ရေးသား ခဲ့ပါသည်။
အထူး သဖြင့် တိုက်ပွဲ ထူထပ်သည့် ကချင် ဒေသတွင် ကချင် ထိန်းချုပ် ဒေသ လက်အောက်၌ ဒုက္ခသည် (၅) သောင်း ဝန်းကျင် ရှိနေကြောင်း၊ ထိုအထဲတွင် လိုင်ဇာ ဌာနချုပ်နှင့် နီးစပ်သည့် ဒုက္ခသည် များသာလျှင် စောင့်ရှောက်မှု ပိုမို ရရှိ ခဲ့ကြောင်း၊ အခြား ဝေးလံသော ဒေသ များ၌ ရှိနေသော ဒုက္ခသည် များကိုမူ စောင့်ရှောက်မှု အားနည်း ခဲ့ကြောင်း ဆိုထား ပါသည်။
ဤကဲ့သို့ ထောက်ပံ့ ကူညီမှု အားနည်း နေသော ဒုက္ခသည်များ အပါအ၀င် KIA ထိန်းချုပ်သော ဒုက္ခသည် များထံသို့ နိုင်ငံ တကာ လူသားချင်း စာနာမှု အကူ အညီများ ပို့ဆောင် နိုင်ရန် ပိုမို ခွင့်ပြု ပေးရန် လိုအပ် နေကြောင်း ဖီးလ်ရော်ဘင်ဆင်က ထောက်ပြ ခဲ့ပါသည်။
လောလော ဆယ်တွင် အစိုးရသည် ကုလ၏ အကူအညီကို နှစ်ကြိမ်သာ ပို့ဆောင်ခွင့် ပြုခဲ့ ပါသည်။ တချို့ ဒေသတွင် တိုက်ပွဲ ဖြစ်ပွါး နေဆဲ အခြေအနေ များကြောင့် ဒုက္ခ သည်များ ပြန်လည် နေရာ ချထား ရေးနှင့် ပြည်တွင်းရှိ စစ်ပြေး ရွာပုန်း ရွာရှောင် ဒုက္ခသည်များ အတွက် အဆင် မပြေ ဖြစ်နေ ခဲ့ပါသည်။
မစ္စတာ ကင်တားနားသည် စာမျက်နှာ (၂၃) မျက်နှာ ရှိသည့် အစီရင် ခံစာသည် မြန်မာ့ နိုင်ငံ၏ လူ့အ ခွင့် အရေး အခြေအနေ များအား အဓိက ထောက်ပြ ထားသည့် အပြင် နိုင်ငံရေး အကျဉ်းသား များအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်းနှင့် ခံဝန်ချက် ထိုးရသည့် ပစ်ဒဏ် များကိုလည်း ဝေဖန် ထောက်ပြ ထားပါသည်။
ထို့ပြင် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရ တို့အကြား မညီမျှသည့် သယံဇာတ ခွဲဝေ သုံးစွဲမှု အကြောင်းအားလည်း မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်သည့် ချင်းပြည်နယ်သို့ သွားရောက် လေ့လာ ခဲ့သည့် ခရီးမှ ရရှိ ထားသည့် တွေ့ရှိချက် များဖြင့် ဖော်ပြ ထားပါသည်။
ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ၂၀၁၁ ခုနှစ်မှ ယခု အထိ မြန်မာ နိုင်ငံသို့ (၇) ကြိမ်မျှ လာရောက် ခဲ့ပါသည်။ ၄င်းသည် လာမည့် သက်တမ်း အတွက် ရွေးချယ်မှု မပြုတော့ဘဲ မြန်မာ နိုင်ငံ ခရီးစဉ်ဖြင့် ၄င်း၏ ရာထူး သက်တမ်းကို အဆုံးသတ် စေခဲ့ ပါသည်။
No comments:
Post a Comment