ABC
မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့အစိုးရ ဖြစ်ပေါ်ဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က မြန်မာနိုင်ငံနဲ့သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ချင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ကပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးဟာ ဖြည်းဖြည်းချင်း တိုးတက်မြှင့်တင်လာနေပြီဖြစ်တာကြောင့် စီးပွားရေး တွဲဖက်လုပ်ကိုင်နေတဲ့ နိုင်ငံအချင်းချင်းတွေကိုလည်း ဒီမိုကရေးကရေးစီနဲ့ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ပေါ်လာဖို့အတွက် ကူညီထောက်ပံ့မှုတွေ ပေးဖို့လိုတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။
အင်ဒိုနီးရှားနဲ့ အမေရိကန်နိုင်ငံတို့အနေနဲ့ အင်ဒိုနီးရှား-မြန်မာ-အမေရိကန် သုံးနိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး အစီအစဉ်ထဲမှာ ကောင်းမွန်တဲ့အစိုးရကိစ္စကို အဓိကထား ကိုင်တွယ်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စကနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနဲ့ အမေရိကန်နိုင်ငံတို့အကြား ဆွေးနွေးနိုင်ဖို့အတွက် ဒီနှစ် နှစ်ကုန်ပိုင်းမှာ နှစ်နိုင်ငံတွေ့ဆုံဖို့ရှိပြီး ဘာလီကျွန်းမှာပဲဖြစ်ဖို့များတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

No comments:
Post a Comment