ဝင်းကိုကိုလတ်
ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ အပါအ၀င် လုပ်ငန်းများ လုပ် ကိုင်နေသည့် ကမ္ဘောဇကုမ္ပဏီလီမိတက်အုပ်စုသည် ယခုအစိုးရသက်တမ်းငါးနှစ်အတွင်း အခွန်ငွေ ၈၀ ဘီလီယံကျပ်အထိ ပေးဆောင်သွားမည်ဟု အဆိုပါကုမ္ပဏီအကြီးအကဲ ဦးအောင်ကိုဝင်းက ပြောသည်။
၎င်းက “နိုင်ငံသားတိုင်း အခွန်ကို ကျေပွန်စွာထမ်းဆောင်ရမယ်ဆိုတဲ့ စိတ်နဲ့ ပေးဆောင်နေတာပါ”ဟု မဇ္ဈိမကို ပြောသည်။
ယခုလ ၃ ရက်က သမ္မတအိမ်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆုရသူ ဦးအောင်ကိုဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာလည်း ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ အားကစား ကဏ္ဍတွေမှာ ကျပ် ၃၆ ဘီလီယံ လှူဒါန်းထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။
ကမ္ဘောဇကုမ္ပဏီလီမိတက်အုပ်စုသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အခွန်ဘဏ္ဍာငွေကျပ် ၆,၀၁၅ ဒသမ ၃၉၇ သန်း၊ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင် ကျပ် ၁၀,၈၂၇ ဒသမ ၇,၀၁၀ ဘီလီယံ ဆောင်ခဲ့ပြီး အထူး ဂုဏ် ထူးဆောင် နိုင်ငံစွမ်းဆောင်ရည်ဆု ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၁၃- ၂၀၁၄ ခုနှစ်အတွက် အခွန်ငွေကျပ် ၁၇, ၀၂၀ ဒသမ ၀၁(၁၇ ဘီလီယံ ကျပ်) သန်းကို ပေးသွင်းထားပြီး ၂၀၁၄- ၂၀၁၅ ခုနှစ်အတွက် ကျပ်သန်း ၂၂,၀၀၀ ဒသမ ၀၀ (၂၂ ဘီလီယံကျပ်)ကို ကြိုတင်ခွန်အဖြစ် ပေးသွင်းထားကာ ၂၀၁၅- ၂၀၁၆ ခုနှစ်အတွက် ကျပ်၂၈, ၀၀၀ ဒသမ ၀၀ သန်း(၂၈ ဘီလီယံ) ကိုလည်း ကြိုတင်ခွန်ပေးဆောင်ရန် လျာထားပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။
၂၀၁၀-၂၀၁၁ ခု ဘဏ္ဍာနှစ်အထိတွင် မြန်မာ့ဦးပိုင်လီမိတက်၏ ဘီယာထုတ်ကုန်လုပ်ငန်းဖြစ်သော မြန် မာဘရူဘယ်ရီလီမိတက်(Myanmar Brewery Ltd) ကသာ အခွန်အများဆုံး ထမ်းဆောင်သည့်ကုမ္ပဏီ အဖြစ် ရပ်တည်ခဲ့သည်။
သို့ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်ကာ ၀င်ငွေခွန်ထမ်းဆောင်မှု အများဆုံး ကုမ္ပဏီနေရာသို့ ကမ္ဘောဇဘဏ် (KBZ Bank) ရပ်တည်လာခဲ့သည်။
၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်းမှာ ကျပ် ၄၈၉၀ ဒသမ ၅၈၀ ဘီလီယံ လျာထားသဖြင့် ယမန်နှစ် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်၊ အခွန်အကောက်ရငွေ စုစုပေါင်း ၃၅၈၇ ဒသမ ၉၃၂ ဘီလီယံကျပ်ဖြစ်သဖြင့် ယခုနှစ်သည် ၃၆ ဒသမ ၃၁ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းရှိန်က မတ်လ၂၅ ရက် ပြည်ထောင်စုလွှတ်တော်တွင် ပြော ကြားထားသည်။
No comments:
Post a Comment