ကိုတိုးကြီး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊လောင်းပြည့်ကျေးရွာ၊ အပတောတိုက်အတွင်း ရွှေကျင်လုပ်ငန်းခွင် တစ်ခု တွင် ရွှေမျှောရေလှောင်ပိတ်တန်း ကျိုးပေါက်ခဲ့ရာမှ ရွှေမျှောလုပ်သားနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု မင်းကင်းမြို့နယ် မောက္ကတော် နယ်မြေရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။
“လူနှစ်ဦး ရွှံ့နွှံများအတွင်း နစ်မြုပ်သေဆုံးနေတယ်”ဟု လောင်းပြည့်ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်နေလင်းက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို တယ်လီဖုန်းမှတစ်ဆင့် အတည်ပြုပြောသည်။
၎င်းမှတစ်ဆင့် မောက္ကတော်နယ်မြေရဲစခန်းသို့ ဖုန်းဆက်၍လည်း အကြောင်းကြားထားခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
အဆိုပါသေမှုသေခင်း ဖြစ်စဉ်အား မောက္ကတော်နယ်မြေ ရဲစခန်းမှူး ရဲအုပ် အောင်နိုင်ထွေးနှင့်အဖွဲ့က သွားရောက် စစ်ဆေးရာတွင် သေဆုံးသူလူနှစ်ဦးမှာ မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနေ မောင်ချစ်ကို ကို အသက်(၂၁)နှစ်ဆိုသူနှင့် ဟုမ်္မလင်းမြို့နယ်၊ ခေါင်စမ်းကျေးရွာနေ ကိုဟိန်းဇော် အသက် (၃၀)နှစ် ဆိုသူတို့ ဖြစ်ကြောင်း ရဲစစ်ချက်တွင် တွေ့သည်။
သေဆုံးသူတို့မှာ တရားမ၀င်ရွှေမျှောလုပ်ကိုင်ရန် ရေလှောင်ပိတ်တန်များ ပြု လုပ်ရာမှ တာရိုးကျိုးပေါက်ပြီး ရေတွင်မျှောပါကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကနဦး စစ်ချက်များအဖြစ် မှတ်တမ်းများတွင် ဖော်ပြထား သည်။
အဆိုပါ လူနှစ်ဦးသဆုံးမှုကိုလည်း ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် မောက္ကတော်နယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၄)အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment