Sunday, May 25, 2014

ဝူခုန်းသရုပ်ဆောင်မင်းသား မန္တလေးမြို့ ပရိသတ်နှင့် တွေ့ဆံ

ခွန်ဘသာ

ဝူခုန်း သရုပ်ဆောင်မင်းသား လျိုရှောင်လင်းထုန်းဟာ မန္တလေးမြို့က ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝူခုန်း သရုပ်ဆောင်မင်းသားနဲ့ မန္တလေးမြို့ခံ ပရိတ်သတ်တွေရဲ့ တွေ့ဆုံပွဲကို အိုရီရန်တယ်ဟောက်စ်မှာ မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

တွေ့ဆုံပွဲမှာ ၀ူခုန်းမင်းသား လျိုရှောင်လင်းထုန်းက (Mr.Liu Xiao Ling Tong) ဇာတ်လမ်းတွဲမှာပါတဲ့ သရုပ်ဆောင် ပြကွက်တွေနဲ့ ပရိတ်သတ်တွေကို ဖျော်ဖြေခဲ့ပြီး ပရိတ်သတ်တွေရဲ့ မေးခွန်းတွေကိုလည်း ဖြေဆိုခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ငြိမ်းချမ်းရေးခရီးစဉ်ဖြစ်သလို တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက်လည်း ပိုပြီး ဆောင်ရွက်နို်င်မယ့်အကြောင်း ပြောပါတယ်။

ဝူခုန်းမင်းသားရဲ့ မြန်မာပြည်လာတဲ့အချိန်ဟာ သူ့ဇာတ်လမ်းတွဲ Journey to the west အနောက်ဘက်သို့ ခရီးသွားခြင်းကို စကိုင်းနက်ရုပ်သံလိုင်းက အတွဲလိုက် ထုတ်လွှင့်ပြသနေချိန် လည်း ဖြစ်တာမို့ ဇာတ်လမ်း တွဲကြော်ငြာသဘောမျိုး ရောက်လာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၆ မှာ ဟောလိဝုဒ်နဲ့ ရိုက်မယ့် ၀ူခုန်းဇာတ်လမ်းတွဲ အသစ်ရဲ့ ဇာတ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးဖြစ်မယ်လို့ ပြောပါတယ်။

သူရဲ့မန္တလေး ခရီးစဉ်မှာ မဟာဝိဇိတ ရာမ ကျောင်းတိုက်က ကိုရင်တွေအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

ဝူခုံးမင်းသားဟာ မေလ ၂၃ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီး နေပြည်တော်နဲ့ ပုဂံတွေကိုလည်း သွားရောက်မှာဖြစ်သလို မေလ ၂၆ ရက်နေ့မှာတော့ မြန်မာကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

No comments: