မျိုးသန့်
မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မြေဧက၈၀ခန့်တွင် စက်မှုထုတ်ကုန် ကုန်သွယ်ရေးစင်တာစီမံကိန်း အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဖြစ်သဖြင့် ကုန် သွယ်မှုအဆင်ပြေစေရန် အဓိကလမ်းမကြီး နှစ်ခုကို မြို့တွင်းမြို့ပြင်တိုက်ရိုက်ဖောက် လုပ်လျက်ရှိကြောင်း မြို့တော်စည်ပင်မှ တာဝန်ရှိသူက မေ၅ရက်တွင် မဇ္ဈိမကို ပြောသည်။
“လမ်းဖောက်လုပ်တာက မြို့တော်စည် ပင်အနေနဲ့ မဟုတ်ပါဘူး။ MANDALAY INDUSTRIAL TRADE GARDEN CITY CONSTRUCTION CO.,LTD (MGC) ကုမ္ပဏီက မန္တလေးစက်မှုထုတ်ကုန် ကုန်သွယ်ရေးစင်တာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် ဖောက်လုပ်တာ ဖြစ်ပါ တယ်။ ကုမ္ပဏီ အစီအစဉ်နဲ့ လုပ်တာပါ”ဟု မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီလမ်း တံတားဌာန၊ ဌာနမှူးဒေါ်ခင်မေဌေးက ပြောသည်။
ယခုဖောက်လုပ်သည့် ၇၄လမ်းကို တံခွန်တိုင်အ၀ိုင်းပတ်အထိနှင့် ၇၃လမ်းကို တောင်မြင့် သုသာန်ကို ဖြတ်ကာ ရန်ကုန်-မန္တလေးလမ်းအထိ မြို့တွင်းမှ မြို့ပြင်အထိ တိုက်ရိုက်လမ်းအဖြစ် ဖောက်လုပ်သွား မည်ဖြစ်သည်။
ကုမ္ပဏီက ဖောက်လုပ်နေသော လမ်း များနှင့်အတူ မြို့တော်စည်ပင်ကလည်း ချမ်းမြသာစည်မြို့နယ်တွင် ကုန်တင်ယာဉ် ကြီးများကြောင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ် ရန်နှင့် ကုန်တင်ယာဉ်များ လုံးဝဖြတ်သန်း သွားခွင့် မပေးတော့ရန် မြို့ရှောင်လမ်းများစွာ ဖောက်လုပ်လျက်ရှိသည်။
“ချမ်းမြသာစည်မြို့နယ်အတွင်း ကုန် တင်ယာဉ်တွေ လုံးဝဖြတ်သန်းသွားလာခြင်းမရှိဖို့အတွက် အစက ၄၄ လမ်းကို မြို့ ရှောင်လမ်းအဖြစ် သတ်မှတ်ဖို့ စီစဉ်ထားပေမယ့် အဆင်မပြေတဲ့အတွက် ၄၉လမ်း ကို မြို့ ရှောင်လမ်းအဖြစ် သတ်မှတ်ထားပါတယ်။
ဆောင်ရွက်ပြီးတာနဲ့ ချမ်းမြသာစည် မြို့ထဲကို ကားကြီးတွေ လုံး၀၀င်ခွင့်ပေး တော့မှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
ယင်းကုမ္ပဏီက လမ်းဖောက်လုပ်ခြင်းကို စတင်လုပ်ဆောင်နေပြီး ပြည်ကြီးတံ ခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်း အမြန်လမ်းမကြီးအဆုံး တံခွန်တိုင်အ၀ိုင်းအနီး အဆိုပါစီမံကိန်းအကောင်အထည်ဖော်မည့် စက်မှုထုတ်ကုန် ကုန်သွယ်ရေးစင်တာ တည်ဆောက်မည့်MGC ကုမ္ပဏီပိုင် မြေဧက ၈၀ခန့်ကို လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံခုနစ်ရရှိရေးအတွက် ဆောင်ရွက်နေပြီ ဖြစ်သည်ဟုလည်း သိရသည်။
No comments:
Post a Comment