ဖနိဒါ
ရှမ်းတိုင်းရင်းသား မျိုးနွဝ်စုများအတွင်း စည်းလုံးညီညွတ်ရေးအတွက် ဟောပြောစည်းရုံးရန် အဖွဲ့ဝင် ၆ဦးပါသည့် ဆပ်ကော်မတီတစ်ခုကို ပြည်တွင်း၊ပြည်ပရှိ ရှမ်းတိုင်းရင်းသားမျးဖြင့် ဖွဲ့စည်းထားသည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)၏ ခြောက်လ တစ်ကြိမ်ကျင်းပသည့် အစည်းအဝေး အပြီး ဖွဲ့စည်းလိုက်သည်။
ယင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည်။
CSSUက ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများအတွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားမည်ဟု CSSU၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းပင်ခမ်းက ပြောသည်။
“ရှမ်းညီညွတ်ရေးရပြီးမှ ရှမ်းပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားတွေကို ပြန်ပြီး စည်းလုံးညီညွတ်ရေးရအောင် တဆင့်ပြန်ပြီး ဆွေးနွေးမယ်၊ ဆပ်ကော်မတီမှာ ၆ ဦးပါတယ်။ သူတို့က ရှမ်းပြည်နယ်မှာ လှည့်ပြီး လိုက်ရှင်းမယ်”ဟု ဦးစိုင်းပင်ခမ်းက ပြောသည်။
နေရာအနှံ့ရှိ ရှမ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး တည်ဆောက်ရန်၊ တန်းတူရေး၊ ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တိုင်းရင်းသား
လူမျိုးစုများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးကာ အင်အားသုံးဖြေရှင်းခြင်းကို ဆန့်ကျင်သွားမည်ဟူသော အချက်များ အပါအဝင် အချက် ၄ ချက်ကို မေလ ၃ ရက် အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်ကလည်း ရှမ်းနိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှု ရရှိရန် ရှမ်းပြည်နယ်အရှေ့၊ အနောက်၊ တောင်၊ မြောက်တွင် ရဟန်းရှင်ပြည်သူလူထု ၃၆ဝဝ ကျော်က ပေးပို့သော စာနှင့် ပတ်သက်၍ CSSU အနေဖြင့် အလေးအနက် ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။
သည့်အပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှ နိုင်ငံရေးဆွေးနွေးပွဲတွင် ရှမ်းတိုင်းရင်းသားများ အနေဖြင့် စုပေါင်းပါဝင်သွားမည်ဟု ဦးစိုင်းပင်ခမ်းက ပြောသည်။
“နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့အခါမှာ ရှမ်းညီညွတ်ရေးကော်မတီက ဦးဆောင်ပြီးတော့ တိုင်းရင်းသား အားလုံး တစ်စည်းတလုံးထဲပါဝင်ရအောင် စည်းရုံးပြီးတော့ ဆွေးနွေးဖို့ဖြစ်တယ်”ဟု သူက ပြောသည်။
မေလ ၂ရက်ကလည်း လက်ရှိ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးမှု အခြေအနေများနှင့် အစိုးရ၏ သန်းခေါင်စာရင်းကောက်ခံမှု အခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်ဟု ပြည်ထောင်စု အင်စတီကျု၏ ဒါရိုက်တာ ဦးခွန်ဆိုင်းက မဇ္ဈိမကို ပြောသည်။
သုံးရက်ကြာ အစည်းအဝေးတွင် CSSU ၏ ၆ လကြာ လုပ်ငန်းစဉ်များကို တင်ပြ၍ အဆိုပါ လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းအပြင် နောင်လာမည့် ၆ လအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သူက ဆိုသည်။
အစည်းအဝေးတွင် CSSU အဖွဲ့ဝင်များဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(SSJAC)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ခေါင်းဆောင်များ၊ လူမှု အခြေပြု အဖွဲ့အစည်း (CBOS) ၁ဝ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ဥပဒေပြုအဖွဲ့အစည်းများ၊ ရှမ်းလူငယ်အဖွဲ့အစည်းများ၊ မျိုးဆက်သစ် (ရှမ်းပြည်)၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)၊ လေ့လာသူများနှင့် အထူးဖိတ်ကြားထားသူများ စုစုပေါင်း ၉၁ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
အစိုးရနှင့်ဆွေးနွေးမှုတွင် တစ်ဖွဲ့ချင်း ဆွေးနွေးမည့်အစား ရှမ်းပြည်နယ်အနေဖြင့် ဆွေးနွေးရန်အတွက် ပထမဆုံး ရှမ်းတိုင်းရင်းသားများ အချင်းအချင်း ညီညွတ်ရေး လုပ်ဆောင်ရန်အတွက် CSSU ကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလာအတွင်းက ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment