နန်းမြင့်
မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ရှိ အဆောက်အအုံမဆောက်ရသေးသည့် မြေကွက်နှင့် အိမ်ခန်းအလွတ်များ စာရင်းကောက်ယူရာတွင် မြေယာနှင့် အိမ်ရာကော်မတီတို့က စာရင်းမပေးသေးသည့်အတွက် ရန်ကုန် တိုင်းအစိုးရကို တင်ပြရမည့်အစီရင်ခံစာ ကြန့်ကြာနေကြောင်း မြန်မာ့ဂုဏ်ရောင် စုံစမ်းစစ်ဆေးရေးကော် မရှင်ဥက္ကဋ္ဌ ဦးဝင်းထိန်က မေလ ၄ ရက်က မဇ္ဈိမကို ပြောသည်။
အဆိုပါစာရင်းကောက်ယူပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ဧပြီ ၃၀ ရက် နောက်ဆုံးတင်ပြရမည်ဖြစ်သော် လည်း အဆောက်အအုံ မဆောက်ရသေးသော မြေကွက်နှင့် အိမ်ခန်းအလွတ်များ စာရင်းမရရှိသေးသည့် အတွက် အချိန်ကြန့်ကြာနေခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာ့ဂုဏ်ရောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းထိန်က “အိမ်ရာကော်မတီ မြေယာကော်မ တီက စာရင်းမပေးသေးဘူး ဖြစ်နေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တောင်းထားတယ်။ စာရင်းတွေ လာရင် မြေကွက်လက်ကျန်၊ အိမ်ခန်းအလွတ် ဘယ်လောက်ရှိလဲ၊ ဘယ်လိုစီမံခန့်ခွဲလို့ရမလဲ စဉ်းစားလို့ ရမယ်”ဟု ပြောသည်။
မြန်မာ့ဂုဏ်ရောင်ရပ်ကွက် မြေသိမ်းခံရစဉ်အချိန်က ၁၇ ဧကကျော် ဖယ်ရှားခံရပြီး ၁၃ ဧက ၀ါဝါ၀င်းကုမ္ပ- ဏီ ကို ပေးလိုက်ကာ လေးဧကမှာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျန်ရှိနေသည်ဟု မြန်မာ့ဂုဏ်ရောင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဥက္ကဋ္ဌဦးဝင်းထိန်က ဆိုသည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သောအဖွဲ့က မြန်မာ့ဂုဏ်ရောင် မြေသိမ်းခံရသူများနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာ့ဂုဏ်ရောင် အိမ် ရာဆောက်လုပ်ထားသည့် ၀ါဝါ၀င်းကုမ္ပဏီနှင့် လျော်ကြေးကိစ္စ ညှိနှိုင်းပေးမည်ဟု ကတိပေးခဲ့သော ကြောင့် ဧပြီ ၁ ရက်က သပိတ်စခန်းကို ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
မြန်မာ့ဂုဏ်ရောင်ရပ်ကွက် မြေသိမ်းခံရမှုတွင်ပါဝင်သော ဒေါ်မြင့်မြင့်သိန်းက “၀ါဝါ၀င်းကုမ္ပဏီက သူ့ဆီ မှာ ပိုင်ဆိုင်မှု ဘာမှမရှိတော့ဘူးလို့ ငြင်းထားတယ်။ အန်တီတို့ရော။ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လည်း ကွင်းဆင်းစစ်ဆေးတယ်။ တိုက်ဆောက်ပြီး ရောင်းစားထားတာ၊ မြေကွက်လက်ကျန် ၁၅ ကွက်ရှိ တာတွေ့ရတယ်။ ဧပြီ ၆ ရက်အထိ အဖြေစောင့်ကြည်မယ်”ဟု ပြောသည်။
ကော်မရှင်မှ တွေ့ရှိသည့် အစီရင်ခံစာကို ယခင်က မေ ၃ ရက်တွင် ထုတ်ပြန်နိုင်မည်ဟု ပြောဆိုခဲ့သော် လည်း ယခုအခါ မေလ ၁၅ ရက်တွင်မှ ထုတ်ပြန်နိုင်တော့မည်ဟု ဆိုသည်။ မြန်မာ့ဂုဏ်ရောင်ရပ်ကွက် မူလမြေပိုင်ရှင်ဟုဆိုကာ မြေသိမ်းခံရသည့် နစ်နာကြေးတောင်းသူ ၇၀၀ ကျော်ရှိသည်။
No comments:
Post a Comment