Sunday, May 25, 2014

တစ်ရက်အတွင်း ဓာတ်လိုက်၍ လူသုံးဦး သေဆုံး

ကျော်စိုးမိုး

လှိုင်သာယာမြို့နယ်၌ မေလ ၂၀ ရက် က တစ်ရက်အတွင်း အမျိုးသားသုံးဦး ဓာတ်လိုက်သေဆုံးခဲ့သည်ဟု လှိုင်သာယာမြို့နယ်ရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတစ်ဦးက မေ ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

သေဆုံးသူများမှာ လှိုင်သာယာမြို့နယ်၊ ရွှေရင်အေးဈေးအနီးရှိ နေအိမ်တစ်အိမ်ကို ဆောက်ပေးနေသည့် လက်သမားနှစ်ဦးနှင့် နေအိမ်လေသာဆောင်ကို အမှိုက်တက်ရှင်းသည့် အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဖြစ်ပွားပုံမှာ လှိုင်သာယာမြို့နယ်၊ ရွှေရင်အေးဈေးအနီးရှိ နေအိမ်တစ်အိမ်ရှိ အိမ်ရှေ့ဆိုင်ခန်းကို ဆောက် လုပ်ပေးနေပြီး ညနေသုံးနာရီကျော်ခန့်တွင် နေအိမ်သုံး လျှပ်စစ်ဝါယာအထွက်ကြိုးနှင့် သံဆန်ခါကွက်ကို လက်ဖြင့်ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

“အဲဒီအိမ်ရှင်က သူ့အိမ်ကိုဆိုင်ခန်းဖွင့်ဖို့ လက်သမားငှားတယ်။ ဆိုင်ခန်းမှာတပ်ဖို့အတွက် သံဆန်ခါတပ် တဲ့အခါ ဓာတ်ကြိုးနဲ့ မလွတ်တော့ လက်သမားနှစ်ယောက်က ကြိုးကို သူတို့သဘောနဲ့ သူတို့ဖြတ်လိုက် တယ်။ အဲဒီမှာ ကြိုးနဲ့ သံဆန်ခါထိမိပြီး ဓာတ်လိုက်သေတာ”ဟု လှိုင်သာယာရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး က ပြောသည်။

လက်သမားနှစ်ဦး ဓာတ်လိုက်သေဆုံးပြီး လေးနာရီခန့်အကြာတွင် လှိုင်သာယာ မြို့နယ်၊(၃) ရပ်ကွက်၌ နေအိမ်လေသာဆောင်ပေါ်သို့ အမှိုက်တက်ရှင်းသည့် အမျိုးသားတစ်ဦးသည် မိုးရေစိုပြီးလျှပ် စစ်စီးဝင်နေ သည့် ၀ါယာကြိုးဖြင့်တိုက်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အခုဓာတ်လိုက်သေဆုံးခဲ့တာတွေ တော်တော်များများက ပေါ့ဆမှုတွေကြောင့် ဖြစ်တာများတယ်။လျှပ်စစ် အသုံးပြုသူတွေအနေနဲ့ လျှပ်စစ်နဲ့ပက်သက်လာရင် ညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြဖို့ လိုတယ်”ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ မောင်မောင်လတ်ကပြော သည်။

No comments: