စ,ချိုကို
နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းအထိ စတင်အသုံးပြုနိုင်မည်ဟုဆို
ဆက်သွယ်ရေးလိုင်စင်ရရှိထားသော အူရီးဒူးက ၂၀၁၄ခုနှစ်၊ တတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ် ၊ စက် တင်ဘာ) အတွင်း မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချ ပေးနိုင်မည်ဟု ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack က မေ၂၅ ရက် ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
Ross Cormack က “ဆင်းမ်ကတ် တွေကို လိုသလောက် ရောင်းချပေးသွား မှာပါလာမယ့်တတိယ သုံးလ ပတ်အတွင်းမှာ စတင်ရောင်းချပေးမှာဖြစ်ပြီး စတင်ချထားပေးတဲ့အချိန်မှာ နိုင်ငံလူဦးရေရဲ့ ၃၀ ရာခိုင် နှုန်းလောက်အထိ မိုဘိုင်းဖုန်းအသုံး ပြုနိုင်အောင် အူရီးဒူးရဲ့ မိုဘိုင်းကွန်ရက် လွှမ်းခြုံသွားဖို့ မျှော်မှန်းထား ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
Data Center ဖြစ်သော Core site ကို ရန်ကုန်နှင့် မန္တလးတို့တွင်တည် ဆောက်ထားပြီးဖြစ်ကာ နေပြည် တော်တွင် ထပ်မံတည်ဆောက်သွားရန် ရှိသည်ဟု လည်းဆိုသည်။ ထို့ပြင် ဆင်းမ်ကတ်များ ၀ယ်ယူရာတွင် လည်း ကြိုတင်စာရင်းပေး သွားထားရန်မလိုဘဲ လွတ်လပ်စွာဝယ်ယူ နိုင်မည်ဟု ဆိုသည်။
Ross Cormack က “ အခု ဆိုင်တွေ မှာကြိုတင်စာရင်းသွင်းခိုင်းတာက သုံးစွဲ သူတွေရဲ့ အချက်အလက် တွေ၊ ဘယ်လို ၀န်ဆောင်မှုတွေ လိုအပ်မလဲဆိုတာ သိရအောင် Survey ကောက်တာပါ။ ဆင်းမ်ကတ် ၀ယ်ယူတဲ့အခါ Pre Registraion မလုပ်ထားလည်း လွတ်လပ်စွာဝယ်ယူလို့ ရမှာပါကြိုပြီးစာရင်းပေးထား တဲ့သူတွေ ကိုတော့ အထူးအစီအစဉ်မျိုးတွေ လုပ်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောသည်
ပြင်ပအော်ပရေတာများမှ မိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချနိုင်ပါက သုံးစွဲသူများသည်စိတ်ကြိုက်ရွေး ချယ်ဝယ်ယူအသုံးပြုနိုင်သည့် အနေအထားကို ရောက်ရှိလာမည်ဖြစ်သည့်အတွက် အလွန် အဆင်ပြေ လာနိုင်သည်ဟု Mr.Fone ဘိုင်းဖုန်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးထက်လင်းကပြော သည် ဦးထက်လင်းက “ပြည်ပအော်ပရေ တာတွေက ဆင်းမ်ကတ်တွေ စတင်ရောင်း ချလာနိုင်မယ်ဆိုရင် အခုလို အသုံးပြုသူ တွေရဲ့ခက်ခဲစွာဝယ်ယူရမယ့် အနေအထားမျိုးမရှိလာနိုင်တော့ပါဘူး။ ကိုယ် ကြိုက်တဲ့ ၀န်ဆောင်မှုမျိုးကိုပေးတဲ့ အော်ပရေတာကိုရွေးချယ်ပြီး အသုံးပြုလို့ရလာနိုင်မယ်ဈေးကွက်အနေအထားအရ ၀ယ် လိုအားလည်းတက်လာမယ်” ဟုပြောသည်။
အူရီးဒူးက မိုဘိုင်းဝန်ဆောင်မှုစတင် ချိန်တွင် မိုဘိုင်းတာဝါတိုင်ပေါင်း ၄၀၀ ခန့်အထိ စိုက်ထူထားနိုင်ရန် မျှော်လင့်ထားပြီး လက်ရှိတွင် မိုဘိုင်းတာဝါတိုင်ပေါင်း တစ်ရာကျော်အထိ စိုက်ထူထားပြီးဖြစ်ကာ လာမည့် တစ်နှစ်အတွင်း တာဝါတိုင်ပေါင်း တစ်ထောင်ကျော်ကို ထပ်မံစိုက်ထူရန် မျှော်မှန်းထားသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုများပေးရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာ ပုံအများပိုင်တယ်လီပို့ ကုမ်္ပဏီနှင့် ပြည်ပ အော်ပရေတာများဖြစ်သော တယ်လီနော၊ အူရီးဒူးတို့က လိုင်စင်ရရှိထားပြီဖြစ်သည်။ အလားတူ ပြည်ပအော်ပရေတာတစ်ခု ဖြစ်သော တယ်လီနောကလည်း ယခုနှစ် ကုန်ပိုင်းတွင် မိုဘိုင်း ဆင်းမ်ကတ်များ စတင်ချထားပေးနိုင်မည်ဟု ထုတ်ဖော်ပြောဆိုထားပြီး မိုဘိုင်းဆင်းမ်ကတ် သန်း ၃၀ အထိ ချထားပေးနိုင်မည်ဟုပြောကြား ထားသည်။
No comments:
Post a Comment